image

Steel-fixing-on- site

Slab မှာ steel နှစ်လွှာဆင်တဲ့အခါ အပေါ်အောက် အတူတူထားသင့်လား?  Zig- Zag သဘောမျိုး နေရာလွှဲသင့်သလား?

Drsign တွက်တဲ့အခါ compression  fibre နဲ့tension fibre အတွက် centroid ကို အပေါ်အောက် မတည့်ထားတွက်ပါတယ်။ အပေါ်အောက် အတည့်ထားခြင်းဖြင့် compression နေရာက steel ဟာ streel  block လေးရဲ့  centroid ကို lever arm ပိုမို တိုးစေပါတယ်။ တနည်းအားဖြင့် vertical line တိုင်းအတွက် doubly reinforced action ရလာပါတယ်။ ဒါကတော့ အတည့်ထားခြင်း အားသာချက်ပါ။

Zing-zag နေရာလွှဲထားတဲ့အခါ spacingကို တစ်ဝက်ကျဉ်းသွားစေပါတယ်။ tension / shear ခံနိုင်အားနည်းတဲ့ ကွန်ကရိသားချည်း သက်သက်သာ ရှိနေတဲ့ core ကို တစ်ဝက်ကျဉ်းစေပါတယ်။ အရပ်စကားနဲ့ ပြောရရင် အပေါက်ကျွံကျမယ့်  ပမာဏ နည်းသွားစေတာမျိုးပါ။ ဒါကတော့ အပေါ်အောက်နေရာ လွှဲရခြင်းရဲ့ အားသာချက်ပါ။

လက်တွေ့ design တွက်ကြတဲ့အခါ doubly နဲ့ မတွက်ကြသလို 2h, 3h, 5h စသည်ဖြင့် maximum spacing ကန့်သတ်ချက်ကို လိုက်နာပြီးသားမို့ အတည့်ထားစရာလည်း မလိုသလို/ အပေါ်အောက်နေရာ လွှဲစရာလည်း မလိုအောင်တွက် လိုက်တာပါပဲ။ ဒီသဘောတရားအရ ဘယ်လိုဆင်ဆင် ရသော်ငြားလည်း တည့်ဆင်တာက ပိုမိုကောင်းကြောင်း မြင်သာပါလိမ့်မယ်။

သို့သော် Share lineသည် 45̊ maximum အနေနဲ့ စောင်းခံနိုင်တာမို့ concrete သားချည်း ကျန်နေမယ့် spacing သည် slan ထုအထူရဲ့ (2h) ထက်လျော့နေရင်တော့ zig-zag ဆင်တာက လက်တွေ့မှာ ပိုကောင်းလာပါမယ်။

အနှစ်ချုပ် ပြောရရင်တော့ maximum spacing 2h ကျော်နေမှသာ zig-zag ဆက်သင့်ပါတယ်။

ဒါဟာ ကျနော်ရဲ့ အမြင်သက်သက်သာ ဖြစ်ပြီး သံဆင်ရာ/ စစ်ဆေးရာမှာ အထောက်ကူရရုံပဲ ရေးပြပေးတာပါ။

အရပ်စကားနဲ့ မြင်သာအောင် ထည့်ပြောပေမယ့်  ဆေးပုလင်းပေါ်က ဆေးစာကိုဖတ်ကာ ဘာသာပြန်ကြည့်ပြီး ကိုယ်လည်း ဒီဆေးညွှန်းအတိုင်း သောက်လိုက်တာ ရောဂါပျောက်ဖူးပါကြောင်း ပြောပြသလိုမျိုးတော့ မဟုတ်ရပါ။

တပါးသူကိုပါ လမ်းပြလက်တွဲခေါ်နိုင်တဲ့ Civil အင်ယာကောင်း ဖြစ်ဖို့ဆိုရင် အင်္ဂလိပ်စာ ၊ ဖတ်တတ်၊ ဘာသာပြန်ပြရုံသာမက Construction အတွေ့ကြုံ ရှိဖူးရုံနဲ့တောင် မလုံလောက်သေးဘဲ –

  • Structure အမြင်ရှိခြင်း
  • Design calculation ကို ကိုယ်တိုင်တွက်ဖူးခြင်းတွေလည်း ပေါင်းစပ်ပါဝင်ဖို့ လိုအပ်သေးကြောင်း ခံယူထားပါတယ်။

Special credit & share with ko sithu min

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image