image

အိမ်ခြံမြေဝယ်ယူ/ ရယူသူများအနေဖြင့် မိမိအမည်ဖြင့် တရားဝင်အမည်ပေါက် ပိုင်ဆိုင်မှုရရှိနိုင်ရန် အတွက် ပြည်တွင်းဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

နိဒါန်း

အိမ်ခြံမြေဝယ်ယူ/ ရယူသူများအနေဖြင့် အရပ်ကတိစာချုပ်များ ချုပ်ဆိုဝယ်ယူခြင်း၊ အထူးကိုယ်စားလှယ်လွှဲစာများဖြင့် ဆောင်ရွက်ခြင်းတို့အစား မိမိတို့၏ ပိုင်ရေးပိုင်ခွင့်ကို ခိုင်မာစေရေးအတွက် ဥပဒေနှင့်အညီ တရားဝင်အမည်ပေါက် ပိုင်ဆိုင်မှုရရှိနိုင်ရေး ဆောင်ရွက်ရန် အရေးကြီးပါသည်။ ထိုသို့ အမည်ပေါက် ပိုင်ဆိုင်မှုရရှိနိုင်ရန် ပြဌာန်းထားသည့် ဥပဒေများ၊ စည်းမျဉ်းများ၊ ညွှန်ကြားလွှာများပါအတိုင်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ရည်ရွယ်ချက်

ဤစာစောင်၏ ရည်ရွယ်ချက်မှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဝယ်ယူခြင်း / ရယူခြင်းများဆောင်ရွက်ရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာန၊ စည်ပင်သာရေး တို့အနေဖြင့် ပြည်တွင်းအခွန်ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များကို လွယ်ကူရှင်းလင်းစွာ သိရှိဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြုစုထားခြင်း ဖြစ်ပါသည်။

စာစောင်ပါ အကြောင်းအရာများ

၁။ စတင်ဆောင်ရွက်ရန်အချက်များ

၂။ တင်ပြရမည့်စာရွက်စာတန်းများ

(က) လယ်ယာမြေမှအပ ကျန်မြေကွက်များဝယ်ယူ၍ အမည်ပြောင်းဆောင်ရွက်ခြင်း

(ခ)  ဂရန်မြေမဟုတ်သည့် ခွင့်ပြုချထားခြင်းမြေအား အမည်ပေါက်ဆောင်ရွက်ခြင်း

(ဂ)  မေတ္တာဖြင့် ပေးကမ်းခြင်းအား အမည်ပေါက်ဆောင်ရွက်ခြင်း

(ဃ)  လဲလှယ်ခြင်းဖြစ်ပါက အမည်ပေါက်ဆောင်ရွက်ခြင်း

၃။ ကြာမြင့်ချိန်

၎။ ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ပေးဆောင်ရန် တာဝန်ရှိခြင်း

 

 

စတင်ဆောင်ရွက်ရမည့်အချက်များ

 

 

  • လယ်ယာမြေမှအပ ကျန်မြေနှင့်အဆောက်အအုံများ ဝယ်ယူခြင်း သို့မဟုတ် မေတ္တာဖြင့်ပေးကမ်းခြင်း သို့မဟုတ် အိမ်ခြံမြေပစ္စည်းအား အလဲအထပ်ဖြင့် ရယူခြင်းဖြင်ပါက ထိုအိမ်ခြံမြေတည်ရှိရာ မြို့နယ်ရှိ မြို့နယ်ဦးစီးဌာနမှုးရုံးသို့ သွားရောက်၍ ကာလတန်ဖိုးစိစစ်သတ်မှတ်မှု ခံယူရပါမည်။ (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်း ဖြစ်ပါက သက်ဆိုင်ရာဒေသကြီး ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ရုံးသို့ သွားရောက်၍ ကာလတန်ဖိုးစိစစ်သတ်မှတ်မှု ခံယူရပါမည်။)
  • မိမိတို့ဆောင်ရွက်သည့် ကိစ္စရပ်အမျိုးအစားပေါ်မူတည်၍ ကာလတန်ဖိုးစိစစ်သတ်မှတ်နိုင်ရန် တင်ပြရမည့် စာရွက်စာတန်းအမျိုးအစားများကို တင်ပြရန်လိုအပ်ပါသည်။
တင်ပြရမည့်စာရွက်စာတန်းများ

 

v လယ်ယာမြေမှအပ ကျန်မြေကွက်ဝယ်ယူ၍ ဝယ်ယူသူအမည်ပြောင်း ကိစ္စဆောင်ရွက်ခြင်း ဖြစ်ပါက-

(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်စည်ပင်သာယာရေး နယ်နမိတ်ဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှု ဌာနခွဲမှ တစ်နှစ်အတွင်း ထုတ်ယူသော မြေပုံမြေရာဇဝင်ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/ မိတ္တူ၊ (စည်ပင်သာယာ နယ်နမိတ်ပြင်ပ ဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာနမှ တစ်နှစ်အတွင်း ထုတ်ယူသောမြေပုံ၊  မြေရာဇဝင် ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/မိတ္တူ)၊

(၂)  ဝယ်ယူသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်း/ မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစရင်းပုံစံ ၆၆/၆ မူရင်း/မိတ္တူ (ဝယ်ယူသူနှင့် ရောင်းချသူတို့ ကိုယ်စားဆောင်ရွက်သည့် ကိုယ်စားလှယ်ဖြစ်ပါက ဝယ်ယူသူ၊ ရောင်းချသူတို့မှ လွှဲအပ်သော ကိုယ်စားလှယ်လွှဲစာ နှင့် ကိုယ်စားလှယ်၏  နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်း/မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစရင်းပုံစံ ၆၆/၆ မူရင်း/မိတ္တူ ပူးတွဲရန်)၊

(၃) အကယ်၍ ဂရန်အမည်ပေါက်သူ ကွယ်လွန်သွားပါက အမွေဆက်ခံထိုက်သူများ၏ စာချုပ်စာတန်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ချုပ်ဆိုထားသည့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ် မူရင်း/မိတ္တူ၊ (လိုအပ်ပါက တရားရုံး၏ အမွေဆက်ခံပိုင်ခွင့် ပူးတွဲရန်)

(၄) မူလအမည်ပေါက် ပိုင်ဆိုင်သူကိုယ်စား ရောင်းချခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ (SP / GP) မူရင်း/မိတ္တူ၊

(၅) ဝယ်ယူသည့်မြေ (သို့မဟုတ် ) မြေနှင့်အဆောက်အအုံအတွက် ဓာတ်ပုံ (ရှေ့၊နောက်၊ဘေးနှစ်ဖက်)၊

(၆) မြေငှားစာချုပ် (ဂရန်) မူရင်း/မိတ္တူ၊

(၇) အရောင်းအဝယ် ကတိစာချုပ် မူရင်း/မိတ္တူ၊

 

 

 

v  ဂရန်မရှိသေးသော ခွင့်ပြုချထားမြေ တစ်နည်းအားးဖြင့် ပါမစ်မြေ အမည်ပေါက်ပိုင်ဆိုင်သူမှ ဂရန်အမည်ပေါက် ဆောင်ရွက်သည့်ကိစ္စ ဖြစ်ပါက-

(၁) မြေကွက်ချထားပေးသည့် အမိန့်၊

(၂) သက်ဆိုင်ရာမြေယာ ကုမ္ပဏီသို့ ပေးသွင်းသည့် မြေယာဖော်ထုတ်စရိတ်နှင့် မြေယာစီမံခန့်ခွဲမှုစရိတ် ပေးသွင်းသည့် ငွေသွင်းချလန် မူရင်းနှင့်မိတ္တူများ၊

(၃) အမည်ပေါက်ပိုင်ဆိုင်သူ၏ နိုင်ငံတော်စိစစ်ရေးကဒ်ပြား မူရင်း/မတ္တူနှင့် အိမ်ထောင်စုလူဦးရေစရင်း ပုံစံ ၆၆/၆ မူရင်း/မိတ္တူ၊

(၄) ချထားပေးသည့်မြေ သို့မဟုတ် မြေနှင့်အဆောက်အအုံအတွက်ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေး၊ ၂ဖက်)

(၅) ပါမစ်အမည်ပေါက်သူမှာ မူလပိုင်ရှင် ဖြစ်ပါက တန်ဖိုးဖြတ်ရန်မလိုပါ။

v ဂရန်မရှိသေးသော ခွင့်ပြုချထားမြေ တစ်နည်းအားဖြင့် ပါမစ်မြေ အမည်ပေါက်ပိုင်ဆိုင်သူထံမှ တစ်ဆင့်ဝယ်ယူသည့်ကိစ္စဖြစ်ပါက-

(၁) အမည်ပေါက်ပိုင်ဆိုင်သူထံမှ တစ်ဆင့် ဝယ်ယူထားသည့် အရောင်းအဝယ် ကတိစာချုပ်/ ဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်၊

(၂) သက်ဆိုင်ရာမြေယာ ကုမ္ပဏီသို့ ပေးသွင်းသည့် မြေယာဖော်ထုတ်စရိတ်နှင့် မြေယာစီမံခန့်ခွဲမှုစရိတ် ပေးသွင်းသည့် ငွေသွင်းချလန် မူရင်းနှင့်မိတ္တူများ၊

(၃) အမည်ပေါက်ပိုင်ဆိုင်သူ၏ နိုင်ငံတော်စိစစ်ရေးကဒ်ပြား မူရင်း/မတ္တူနှင့် အိမ်ထောင်စုလူဦးရေစရင်း ပုံစံ ၆၆/၆ မူရင်း/မိတ္တူ၊

(၄) ဝယ်ယူသည့်မြေ (သို့မဟုတ်) မြေနှင့်အဆောက်အအုံအတွက် ဓာတ်ပုံ(ရှေ့၊ နောက်၊ ဘေး ၂ဖက်)၊

v အိမ်ခြံမြေအား မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်၍ အမည်ပေါက်ပိုင်ဆိုင်ခြင်း ဆောင်ရွက်သည့် ကိစ္စဖြစ်ပါက-

(၁) ဂရန်မြေဖြစ်ပါက ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်စည်ပင်သာယာရေး နယ်နမိတ်ဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနခွဲမှ တစ်နှစ်အတွင်း ထုတ်ယူသော မြေပုံမြေရာဇဝင် ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/မိတ္တူ၊ (စည်ပင်သာယာနယ်နမိတ် ဖြစ်ပါက မြို့နယ်လယ်ယာစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန တစ်နှစ်အတွင်း ထုတ်ယူထားသောမြေပုံ၊ မြေရာဇဝင်ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/မိတ္တူ)၊

(၂) ပေးကမ်းသူနှင့်လက်ခံသူ၏  နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ မူရင်း/မိတ္တူ (ပေးကမ်းသူ သို့မဟုတ် လက်ခံသူ၏ ကိုယ်စားဆောင်ရွက်သည့် ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ မူရင်း/မိတ္တူ)၊

(၃) ပေးကမ်းသည့်မြေ (သို့မဟုတ်) မြေနှင့်အဆောက်အအုံအတွက် ဓာတ်ပုံ( ရှေ့၊ နောက်၊ ဘေး ၂ဖက်)၊

(၄) မြေငှားစာချုပ် (ဂရန်) မူရင်း/မိတ္တူ၊

(၅)  မေတ္တာဖြင့် ပေးကမ်းခြင်း စာချုပ် မူရင်း/မိတ္တူ၊

(၆) ဂရန်အမည်ပေါက် မြေနှင့်အဆောက်အအုံကို ပိုင်ဆိုင်ခဲ့သည့်မိဘများမှ ကွယ်လွန်ပြီးနောက် သားသမီးတစ်ဦးဦး (သို့မဟုတ်) တစ်ဦးထက်ပိုမိုသော သားသမီးများအား အမွေဆက်ခံစေသည့်ကိစ္စများအတွက် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်သည့် မြွက်ဟကြေငြာစာချုပ်နှင့် မေတ္တာဖြင့်ပေးကမ်းခြင်းမှာ ပျက်ပြယ်ကြောင်း (သို့မဟုတ်) မေတ္တာဖြင့်ပေးကမ်းခြင်း မမြောက်ကြောင်း ပေါ်ပေါက်လာပါက နိုင်ငံတော်၏ အခွန်ငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် ခံဝန်တင်သွင်းသည့် စာချုပ်၊

(၇) ပေးကမ်းသူ၌ အမွေဆက်ခံမည့်သူများ ရှိပါက ပေးကမ်းမှုကို သိရှိသဘောတူပါကြောင်းနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာမူရင်း၊

* အိမ်ခြံမြေကို ဝယ်ယူ/ရောင်းချခြင်းမဟုတ်ဘဲ လဲလှယ်ခြင်းဖြစ်ပါက-

(၁) ဂရန်မြေ ဖြစ်ပါက လဲလှယ်မည့်သူ နှစ်ဦစလုံးအမည်ပေါက်ပိုင်ဆိုင်သည့် မြေကွက်များ၏ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် စည်ပင်သာယာနယ်နမိတ်အတွင်းဖြစ်ပါက  မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် စီမံခန့်ခွဲမှုဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသောမြေပုံ၊ မြေရာဇဝင်ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/ မိတ္တူ)

(၂) လဲလှယ်သူနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစရင်း ပုံစံ၆၆/၆ မူရင်း/မိတ္တူ (ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက လဲလှယ်သူမှ လွှဲအပ်သော ကိုယ်စားလှယ်လွှဲစာ ၊ကိုယ်စာလှယ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစရင်း ပုံစံ၆၆/၆ မူရင်း/မိတ္တူ)

(၃) လဲလှယ်သည့်မြေကွက် သို့မဟုတ် မြေနှင့်အဆောက်အအုံ၏ ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေး၂ဖက်)

(၄)မြေငှားစာချုပ် (ဂရန်) မူရင်း/မိတ္တူ၊

(၅) လဲလှယ်ခြင်း နှစ်ဦးသဘောတူစာချုပ် မူရင်း/မိတ္တူ၊

  • စီမံကိန်းနှင့်ဘဏ္ဍာန်ရေးဝန်ကြီးဌာန၏ ၂၀.၄.၂၀၁၇ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၀/၂၀၁၇ဖြင့် ဖွဲ့စည်းထားသည့် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှ လယ်ယာမြေမှအပ ကျန်မြေနှင့် အဆောက်အအုံများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း၊ မေတ္တာဖြင့် ပေးအပ်ခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ မြေနှင့်အဆောက်အအုံတို့၏ ကာလတန်ဖိုးစိစစ်သတ်မှတ် ပေးမည်ဖြစ်ပါသည်။ ထိုသို့ သတ်မှတ်သည့် တန်ဖိုးအပေါ် ကျသင့်ဝင်ငွေခွန်ပေးဆောင်ခြင်း ၊ စာချုပ်စာတန်းမှတ်ပုံတင် ဆောင်ရွက်ခြင်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် စာချုပ်စာတန်းအပေါ် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရန်လိုပါသည်။
  • ကာလတန်ဖိုးစိစစ် သတ်မှတ်မှုခံယူပြီး တစ်နှစ်အတွင်း အခွန်စည်းကြပ်မှုခံယူရန် ပျက်ကွက်ပါက ကာလတန်ဖိုး၏ စိစစ်သတ်မှတ်ချက်ကို ပယ်ဖျက်သွားမည် ဖြစ်ပါသည်။ တစ်နှစ်ကျော်မှ အခွန်စည်းကြပ်မှု ခံယူမည်ဆိုပါက လက်ရှိကာလတန်ဖိုးပေါက်ဈေးဖြင့် အစားထိုးပြန်လည် တန်ဖိုး သတ်မှတ်သွားမည် ဖြစ်ပါသည်။
အိမ်ခြံမြေကာလတန်ဖိုး စံနှုန်းများနှင့် တန်ဖိုးစိစစ်သတ်မှတ်ရန် တင်ပြသည့်အခါ ကြာမည့်အချိန်
  • မိမိဝယ်ယူ/ရယူသည့် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားပါသည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက်စံနှုန်းများ၊ အဆောက်အအုံပါရှိခြင်း အတွက် အဆောက်အအုံအမျိုးစားအလိုက် သတ်မှတ်သည့် စံနှုန်းများ (တစ်ပေလျှင် မည်မျှကုန်ကျမည် တွက်ချက်သည့် PAE နှုန်း) တို့ကို ဖတ်ရှုပြီး တွက်ချက်နိုင်ပါသည်။
  • ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြို့နယ်များနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြို့နယ်များအနေဖြင့် တိုင်းဒေသကြီးကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲလည်းကောင်း ကျန်မြို့နယ်များဖြစ်ပါက မြို့နယ်ကာလတန်ဖိုးစိစစ်သတ်မှတ်ရေး အဖွဲ့များကလည်းကောင်း ကာလတန်ဖိုးစီစစ် သတ်မှတ်ပေးပါသည်။
  • ကာလတန်ဖိုးစီစစ် သတ်မှတ်နိုင်ရန် အထက်ဖော်ပြပါ စာရွက်စာတမ်း၊ အထောက်အထားများကို အိမ်ခြံမြေတည်ရှိရာ တိုင်းဒေသကြီး ကာလတန်ဖိုး စီစစ်သတ်မှတ်ရေးအဖွဲ့ရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်သာ တင်ပြရမည် ဖြစ်ပါသည်။ တင်ပြရမည့် စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံမှန်ကန်မှုရှိပါက ရက်သတ္တ၂ပတ်အတွင်း တန်ဖိုးသတ်မှတ်မှု ပြီးစီးအောင် ဆောင်ရွက်ပေးပါသည်။
ကျသင့်ဝင်ငွေနှင့် တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်း
  • အိမ်ခြံမြေဝယ်ယူသူ အနေဖြင့် ကာလတန်ဖိုးစီစစ်ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူသည့် တန်ဖိုးအပေါ် မိမိတင်ပြနိုင်သည့် ဝင်ငွေရလမ်းအထောက်အထားများ တင်ပြပြီး ဝင်ငွေစီစစ်မှု ခံယူရန်လိုအပ်ပါသည်။ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေပေါ်ပေါက်ပါက နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ပါသည်။
  • မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ်ခြံမြေကို ဝယ်ယူသည်ဖြစ်စေ၊ ပေးကမ်းသည်ဖြစ်စေ သတ်မှတ်သည့်ကာလတန်ဖိုး အပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ရာခိုင်နှုန်းအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ရာခိုင်နှုန်း (စုစုပေါင်း ၄ ရာခိုင်နှုန်း) ကိုထမ်ဆောင်ရမည် ဖြစ်ပါသည်။
  • မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ထုတ်ပေးသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလန်တို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ရပါမည်။ (မေတ္တာဖြင့်ပေးကမ်းခြင်း ဖြစ်ပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုဘဲ တံဆိပ်ခေါင်းခွန်သာ ထမ်းဆောင်ရမည်သာ ဖြစ်ပါသည်။)
  • ပေးသွင်းပြီးသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလန် မူရင်း/မိတ္တူ တို့ကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ပြသ၍ စာချုပ်ချုပ်ဆိုရန် တံဆိပ်ခေါင်းထုတ်ယူ ရပါမည်။
  • အိမ်ခြံမြေကို ဝယ်ယူ/ရောင်းချခြင်း မဟုတ်ဘဲ လဲလှယ်ခြင်း ဖြစ်ပါက ပိုင်ဆိုင်သူနှစ်ဦးစလုံးသည် မိမိပိုင်ပစ္စည်းကို မည်သို့ရယူ ပိုင်ဆိုင်ခဲ့ကြောင်း ကြေငြာ၍ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေရှိပါက ဝင်ငွေခွန် စည်းကြပ်မှု ခံယူရပါမည်။
  • လွှဲပြောင်းရာတွင် အလိုက်ပေးရငွေ ပါဝင်ပါက ပေးချေသူက ထိုငွေကို မည်သို့ရရှိခဲ့ကြောင်း၊ တင်ပြရန်လိုအပ်ပြီး စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေရှိပါက ဝင်ငွေခွန်စည်းကြပ်မှု ခံယူရမည်။
  • အိမ်ခြံမြေ ၊ ဝယ်ယူ/ရယူသူများအနေဖြင့် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၃ အရ ဝင်ငွေခွန်တောင်းခံလွှာ ပုံစံ ဝတခ (၀င)-၈ နှင့်အတူ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန် ချလန်ဖြတ်ပိုင်းမူရင်းများ ၊ တံဆိပ်ခေါင်းခွန်အပြည့်အဝ ကပ်နှိပ်ထမ်းဆောင်ထားသည့် စာချုပ်စာတမ်းမူရင်းများ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နမိတ် အတွင်းရှိ မြို့နယ်များဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်ပြင်ပရှိ မြို့နယ်များ၊ ပြည်ထောင်စုနယ်မြေနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များ ဖြစ်ပါက မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးများသို့ သွားရောက်မှတ်ပုံတင်ရမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက-

  • သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံး၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး(နေပြည်တော်) ရုံးအမှတ်၄၆၊
  • ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဖုံးနံပါတ်-၀၆၇-၃၄၀၅၂၂၊ ၀၆၇-၃၄၀၅၃၃၊
  • အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ်၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊
  • ကျောက်တံတားမြို့နယ်၊ ဖုန်း ၀၁-၃၇၈၃၇၀၊ ၀၁-၃၈၇၃၇၂၊
  • အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (မန္တလေး) ၊ ၆၅လမ်း၊ ၂၂×၂၃လမ်းကြား၊ ဖုန်းနံပါတ် ၀၂-၄၀၃၀၁၉၂

သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန၏ Website ဖြစ်သော www.irdmyanmar.gov.mm သို့ ဝင်ရောက်ကြည့်ရှု လေ့လာပြီး၊ လိုအပ်သည့်ဥပဒေ ၊ နည်းဥပဒေများကို download ရယူနိုင်ပါသည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image