image

ဘိလပ်မြေသရွတ်ကျံခြင်း

နှာကြောင်းဖော်ခြင်းနှင့် မျက်နှာပြင်ပြုပြင်ခြင်း

သရွတ်ကျံခြင်းလုပ်ငန်း မစတင်မီ အုတ်လုပ်ငန်း၏ သရွတ်ကျံမည့်မျက်နှာပြင်တွင် အုတ်မြောင်းများကို ၁/၂ လက်မခန့်အနက်ထိ ခြစ်ထုတ်ပစ်ပြီးလျှင် သံဘရွတ်ဖြင့် အညစ်အကြေးများကို သန့်ရှင်းစေရမည်။

သရွတ်ကျံမည့် မျက်နှာပြင်သည် တည်ဆောက်ဆဲ သို့မဟုတ် တည်ဆောက်ပြီးဖြစ်လျှင်လည်း သရွတ်မကျံမီ အထက်ပါအတိုင်း ပြုလုပ်ရမည်။

ရေဖြန်းခြင်းနှင့် အချောသပ်ခြင်း

သရွတ်ကျံမည့်မျက်နှာပြင်တွင် အညစ်အကြေးများ၊ ဖုံမှုန့်များ သန့်ရှင်းပြီးနောက် ယင်းမျက်နှာပြင်ကို အမြဲစိုစွတ်နေစေရန် ရေဖြန်းပေးရမည်။ သရွတ်ကို ဤကဲ့သို့ မျက်နှာပြင်စိုစွတ်နေသည့် အချိန်တွင် သရွတ်ကျံရမည် ဖြစ်သည်။  သရွတ်အိပ်သွားပြီးနောက် ၇-ရက်ခန့် နေ့စဉ်ရေဖြန်းပေးရမည်။ ပြင်ပရာသီဥတု အပူဒဏ်မှ သက်သာစေရန် သရွတ်ကျံပြီးသော မျက်နှာပြင်ကို ဘိလပ်မြေအိတ်ခွံ သို့မဟုတ် ဂုန်နီအိတ်ဖြင့် ဖုံးအုပ်ကာကွယ်ထားရပေမည်။

သရွတ်ကျံနည်း

နှာကြောင်းဖေါ်ပြီးလျှင် သရွတ်ကို သံလက်ဖြင့်ယူ၍ ယင်းနှာကြောင်းအတွင်းသို့ ဖိသိပ်ပေးရမည်။ သရွတ်ကျံသည့် မျက်နှာပြင်ကို ချောမွတ်နေစေရန် ဗျက် ၃-လက်မရှိသော သစ်သားမျဉ်းတံဖြင့် တိုက်ညှိပေးရသည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် မို့မောက်နေသော သရွတ်များသည် နိမ့်သည့်နေရာသို့ ဖြည့်ဝင်သွားသည်။ မျက်နှာပြင်တစ်ခုလုံးညီညာသွားအောင် ပြုလုပ်ပြီးသောအခါ မျဉ်းတံစောင်းဖြင့် ခပ်ဆက်ဆက်ရိုက်ပေးလိုက်ပါက သရွတ်သိပ်သည်းမှု ရရှိသွားသည်။ ယင်းနောက် သစ်သားလက်ပွတ်ဖြင့် လက်ယာရစ်တိုက်ညှိပေးရမည်။

သရွတ်ခြောက်၍ မာလာပါက သစ်သားလက်ပွတ်ကို မကြာခဏရေဆွတ်၍ တိုက်ပေးရမည်။ ချောမွေ့သောမျက်နှာပြင်ကို အလိုရှိလျှင် သစ်သားလက်ပွတ်ကို အသုံးပြုပြီးနောက် ထပ်မံ၍ သံလက်ပွတ်ဖြင့် တိုက်ပေးရမည်။ သာမန်မျက်နှာပြင်ကိုသာ အလိုရှိလျှင် မြက်တမြတ်စည်းနှင့် ညှိပေးရမည်။

သရွတ်အထူ

သာမန်အုတ်နံရံများတွင် ၁/၂ လက်မအထူရှိသော သရွတ်ကို အသုံးပြုလေ့ရှိသည်။ ပထမတန်းစား ကောင်းမွန်သောသရွတ်မျက်နှာပြင်နှင့် တာရှည်ခိုင်ခန့်သော သရွတ်များရရှိအောင် အနည်းဆုံး၂-ထပ်ကျံရမည်။

၃/၈↔အထူအောက်ခံသရွတ်ကို ရှေးဦးစွာကျံ၍ ယင်းသရွတ်မအိပ်မီ မျက်နှာပြင်ကို ကြမ်းအောင် ပြုလုပ်ပေးထားရမည်။ ပထမထိပ်အိပ်ပြီးမှ ဒုတိယထပ်လုပ်သောအခါ ပထမအောက်ခံအထပ်ကို ရေဖြန်း၍ ၃/၈↔ အထူ ဒုတိယထပ်အား အထက်ဖော်ပြပါ သရွတ်ကျံနည်းအတိုင်း သရွတ်ကျံ၍ အချောကိုင်ရမည်။

ပျော့ကြောင်းထိုးခြင်း

အဆောက်အအုံးမျက်နှာပြင်ကို အလှအပဖေါ်ပြုလုပ်သည့်အနေဖြင့် သရွတ်ပြော့ကြောင်း ထိုးကြလေ့ရှိသည်။ ပြော့ကြောင်းအမျိုးမျိုးတို့ကို အောက်ပါပုံတွင် ဖေါ်ပြထားသည်။

ရေခံသရွတ်

ရေခံသရွတ်တွင် အသုံးပြုမည့် ရေခံဆေးများကို ပုံစံတွင် အသေးစိတ်သတ်မှတ်ချက်အရသော်လည်းကောင်း၊ ထုတ်လုပ်သော ကုမ္ပဏီ၏ ညွှန်ကြားချက်အရသော်လည်းကောင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းသရွတ်ကို အနည်းဆုံး ၂-ထပ်သရွတ်ကျံရမည်။ သရွတ်တစ်ထပ်လျှင် ၁/၂↔ ထူရမည်ဖြစ်ပြီး သရွတ်နှာကြောင်းများသည် တစ်ခုနှင့်တစ်ခု ထပ်မနေစေရ။

ပတ်ဒလို (Pudlo) ရေခံဆေးမှုန့်ကို အသုံးပြုလိုပါက အသုံးပြုရာတွင်ပါဝင်သော ဘိလပ်မြေ အလေးချိန် ၅% အချိုးအစားရှိသော အလေးချိန်အတိုင်း ရောစပ်ရမည်။

အင်ပါမို(Impermo) ရေခံဆေးမှုန့်ကို အသုံးပြုလျှင်မူ အသုံးပြုရာတွင်ပါဝင်သော ဘိလပ်မြေ အလေးချိန် ၂% အချိုးအစားရှိသော အလေးချိန်အတိုင်း ရောစပ်ရမည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image