image

ထုံးသရွတ်ကျံခြင်း ( Lime Plastering)

အထက်ဖော်ပြပါ ဘိလပ်မြေသရွတ်ကျံနည်းအတိုင်းပင် ပြုလုပ်ရမည်ဖြစ်ပါသည်။

ထုံးဘိလပ်မြေ သရွတ်ကျံခြင်း (Composite Plastering)

ထုံး၊ ဘိလပ်မြေ၊ သဲတို့ကို (၁း၁း၆) ၊ (၁း၂း၆) စသည့်အချိုးများဖြင့် ရောစပ်ကြသည်။ သရွတ်ကျံနည်းမှာ ဘိလပ်မြေသရွတ်ကျံနည်းအတိုင်းပင် ပြုလုပ်ရမည်ဖြစ်ပါသည်။

အုတ်ကွက်ဖော်ခြင်း (Pointing)

အုတ်နံရံကို သရွတ်ကျံခြင်းမပြုလုပ်ဘဲ ကြည့်ကောင်းစေရန်နှင့်အုတ်နံရံအင်္ဂတေများတွင် မိုးရေစိမ့်မဝင်စေရန်အတွက် နှာသပ်ပေးခြင်းကို အုတ်ကွက်ဖော်ခြင်း (Pointing) ဟု ခေါ်ဆိုသည်။

အုတ်ကွက်ဖော်ခြင်းကို အုတ်နံရံတည်ဆောက်နေစဉ် အချိန်၌ဖြစ်စေ၊ နံရံပြီးစီး၍ငြမ်းများဖြုတ်နေစဉ် အချိန်၌ဖြစ်စေ ပြုလုပ်နိုင်သည်။

အုတ်နံရံတည်ဆောက်နေစဉ် အုတ်ကွက်ဖော်ခြင်းမှာ ပိုမိုခိုင်မြဲစေသော်လည်း အုတ်နံရံအပြီးငြမ်းဖြုတ်ရင်း အုတ်ကွက်ဖေါ်ခြင်းလောက် အုတ်ကွက်များ သန့်ရှင်းမှုမရှိသဖြင့် များစွာကြည့်မကောင်းလှချေ။

အုတ်ကွက်ဖော်မည့်အခါ ရှေးဦးစွာ အင်္ဂတေကြောင့်နှာများကို အတွင်းသို့ ၁/၂↔ (ငါးမူး) နက်အောင် ခြစ်ပစ်ရသည်။ ထို့နောက် အင်္ဂတေမှုန့်များကို အုန်းဆံဘရပ်ရှ် ဖြင့်တိုက်၍ ရေစိုအောင် ပက်ဖြန်းပြီးမှ အုတ်ကွက်ဖော်ခြင်း ပြုလုပ်ရသည်။

အုတ်ကွက်ဖော်ရာတွင် သုံးသော သရွတ်သည် အုတ်စီရာ၌ သုံးသောသရွတ်ထက် ပိုကောင်းရမည့်အပြင် မာလည်းမာရပေမည်။ များသောအားဖြင့် (၁း၂) သရွတ်ကို အသုံးပြုသည်။

နှာသပ်နည်း

အုတ်ကွက်ဖော်ရာတွင် အုတ်ဆက်နှာကြောင်းများကို လိုအပ်သည့်ပုံစံရရှိအောင် နှာသပ်ကိရိယာဖြင့် နှာသပ်ပေးရသည်။ နှာသပ်နည်း အမျိုးမျိုးတို့မှာ အောက်ပါအတိုင်းဖြစ်ကြသည်။

 အုတ်မျက်နှာပြင်နှင့် တစ်ပြေးတည်းနေအောင် နှာပြည့်သပ်နည်း

ဤနည်းဖြင့် နှာကြောင်းလက်စသတ်သောအခါ သရွတ်မာမာကို သံလက်နှင့်ယူ၍ နှာကြောင်းအတွင်းသို့ သိပ်သွင်းပြီးလျှင် အုတ်စောင်းနှင့်ကပ်ပြီး သံလက်ကိုသပ်လိုက် ရသည်။

ထိုကဲ့သို့ နှာသပ်၍ ဖော်ယူသောအုတ်ကွက်၏ မျက်နှာပြင်သည် နှာကြောင်းများနှင့် တစ်ပြေးတည်းဖြစ်နေသောကြောင့် နှာပြည့်ဟုခေါ်သည်။ အရေးမကြီးသော အဆောက်အအုံများ၏ အတွင်းနံရံများ၌သာ အသုံးပြုကြသည်။

 ကြိုးမြောင်းဖော်၍ နှာသပ်နည်း

ဤနည်းမှာ အထက်ပါနည်းကဲ့သို့ သရွတ်မာမာကို သံလက်နှင့်ယူ ၍ နှာကြောင်းများ အတွင်းသို့ သိပ်သွင်းရသည်။ ပြီးလျှင် အုတ်စောင်းနှင့်ကပ်၍ သံလက်ကိုသပ်ရမည်။ ပြီးလျှင် နှာကြောင်းအလယ်ဗဟိုတွင် မျဉ်းတံကပ်လျက် မျဉ်းကြိုးဖော်သော သံလက်နှင့်ကပ်၍  ဆွဲလိုက်သောအခါ ကြိုးမြောင်းပေါ်လာသည်။ ထိုကဲ့သို့ ကြိုးမြောင်းဖော်ခြင်းသည် နှာကိုပိုမိုသိပ်သည်းစေသည်။

 တစ်ဘက်စောင်း၍ နှာသပ်နည်း (Horizontal Jointing)

ဤနည်းတွင် သရွတ်မာမာကို သံလက်နှင့် ယူ၍ နှာကြောင်းအတွင်းသို့ သိပ်သွင်းပြီးလျှင် အပေါ်အုတ်စောင်းဘက်တွင် နိမ့်ဝင်သွားအောင် သံလတ်နှင့်ဖိနှိမ့်၍သပ်ပေးရသည်။ ဤကဲ့သို့ နှာသပ်ထားခြင်းအားဖြင့် နှာကြောင်းမှမိုးရေလျှောစေသည့်ပြင် အပေါ်အုပ်စောင်းအရိပ်သည် နှာကြောင်း၏ အတွင်းသို့ကျရောက်စေ၍ နှာကြောင်းကို ပေါ်လွင်ထင်ရှားစေသည်။ ကြည့်ကောင်းသော နှာသပ်နည်းဖြစ်သည်။

 မြောင်းလုံးဖော်နှာသပ်နည်း (Keyed Joint)

နှာသပ်ရာတွင် နှာကြောင်းအကျယ်နှင့်တူသော မြောင်းကြိုးဖော်သံလတ်နှင့် သပ်သွင်းခြင်းအားဖြင့် လိုအပ်သောမြောင်းလုံးသည် ပေါ်လာသည်။ ဤကဲ့သို့ သရွတ်ကို သပ်၍ သွင်းလိုက်ခြင်းကြောင့် သရွတ်ကို ပိုမိုသိပ်သည်းစေသည့်အပြင် အုတ်စောင်းအရိပ်သည် နှာအတွင်းသို့ ကျရောက်စေသည့်အတွက် နှာကြောင်းကို ထင်ရှားပေါ်လွင်စေသည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image