image

လယ်ယာမြေလုပ်ပိုင်ခွင့်

အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံခြင်း

ပုံစံ (၇) ရပြီးတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားရင်၊ မြေယာမှုခင်း ဖွင့်စစ်ရင် (၄) လနဲ့ (၁၅)ရက် (ရက်ပေါင်း ၁၃၅ရက်) အတွင်း အဆုံးအဖြတ်ကို အပြီးအပြတ် သိရမည်။ ရပ်ကျေးမှ စတင်ပြီး ပြည်နယ်တိုင်း အဆင့်အထိ စုစုပေါင်းကြာချိန်ကို လယ်ယာမြေ ဥပဒေမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း အမှုပြီးပြတ်အောင် မဆောင်ရွက်နိုင်ဘဲ ကြန့်ကြာနေရင် စိစစ်ပြီး ထိရောက်စွာ အရေးယူရမယ်လို့ နည်းဥပဒေမှာ ပြဌာန်းထားပါသေးတယ်။

ကြည့်ရအောင်……………..

လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုများ၊ အယူခံမှုများအတွက် လယ်ယာမြေ နည်းဥပဒေ (၆၀ )မှာ အောက်ဖော်ပြပါ သတ်မှတ် ကာလအတွင်း အပြီးဆောင်ရွက်ပေးရမယ်လို့  ပြဌာန်းသတ်မှတ်ထား ပါတယ်……

(၁) ရပ်/ ကျေးလယ်/စီအဖွဲ့က မူလမှုခင်းကို အမှုတွဲ စဖွင့်သည့်နေ့မှစ၍(၁၅) ရက်အတွင်း ဆုံးဖြတ်ချက်ချမှတ်ရမည်။

(၂) မြို့နယ်လယ်/စီအဖွဲ့က ရပ်ကျေးလယ်/စီအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဝင်ရောက်လာသော အယူခံလွှာ ရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ရပ်ကျေး လယ်/စီအဖွဲ့ရဲ့ အမိန့်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုရမည်မ။

(၃) ခရိုင် လယ်/စီအဖွဲ့က မြို့နယ်လယ်/ စီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဝင်ရောက်လာသော အယူခံလွှာရရှိသည့် နေ့မှ ရက်ပေါင်း(၃၀) အတွင်း မြို့နယ် လယ်/ စီအဖွဲ့ရဲ့ အမိန့်ကို အတည်ပြုခြင်း ပြုရမည်။

(၄) တိုင်းဒေသကြီး/ ပြည်နယ် လယ်/ စီအဖွဲ့က ခရိုင် လယ် /စီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဝင်ရောက်လာသော အယူခံလွှာ ရရှိသည့်နေ့မှ ရက်ပေါင်း(၆၀ )အတွင်း ခရိုင်လယ်/ စီအဖွဲ့ရဲ့ အမိန့်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း ပြုရမည်။

အထက်ဖြော်ပပါ လယ်ယာမြေ နည်းဥပဒေ(၆၀) ပြဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်း မပြုတဲ့ လယ်/စီအဖွဲ့ များကို အရေးယူ ဆောက်ရွက်ဖို့  ပြဌာန်းချက်တစ်ရပ် နည်းဥပဒေမှာ ထည့်သွင်းထားပါတယ်။ လယ်ယာမြေ နည်းဥပဒေ ၆၃မှာ “ဗဟိုလယ်/ စီအဖွဲ့သည် လယ်/ စီအဖွဲ့ အဆင့်ဆင့်တို့က အထက်ပါ ရက် ၃၀၊ ရက် ၆၀ သတ်မှတ်ကာလအတွင်း အမှုပြီးပြတ်အောင် မဆောင်ရွက်နိုင်ပဲ ကြန့်ကြာနေခြင်း ရှိပါက စိစစ်ပြီး ထိရောက်စွာ အရေးယူခြင်း ပြုရမည်။

ကဲ .. အောက်ခြေမှာ  မြေယာအငြင်းပွားမှုတွေကို သတ်မှတ် ကာလအတွင်း ပြီးပြတ်အောင် စီရင်မှုရှိ/ မရှိ၊ လုံးဝ စစ်ဆေးဆောင်ရွက်ပေးခြင်း မရှိဘဲ နှစ်ပေါက်အောင် ချောင်ထိုးထားတဲ့ အမှုတွေရှိ/မရှိ၊ ထိရောက်စွာ အရေးယူပါမယ်ဆိုတဲ့ အထက်ကရော စိစစ်ခြင်း၊ အရေးယူခြင်း ရှိ/မရှိ၊ ကြားရော ကြားမိပါရဲ့လား ၊ ဥပဒေ ပြဌာန်းချက်ဆိုတာ စာအုပ်ထဲမှာလား၊ ဥပဒေ တည်ဆဲကာလမှာ လေးစား လိုက်နာရမယ်၊ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာကိုဆိုလိုသလဲ၊ တာဝန်ရှိသူတွေက တာဝန်ယူ တာဝန်ခံဆောင်ရွက်ရမယ်၊ လုပ်နိုင်သမျှ လုပ်ရမယ်၊ မလုပ်နိုင်ရင်လည်း ဘာကြောင့် မလုပ်နိုင်ကြောင်း လုပ်မရကြောင်း အကျိုးသင့် အကြောင်းသင့် တင်ပြရမယ်၊ အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲမှု အလွန်အားနည်းနေသေးတယ်၊ ဒါတွေကြောင့် တောင်သူလယ်သမား တွေရဲ့ မြေယာရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးတွေ၊ ရာသီချိန်အမီ၊ လုပ်ကိုင်ရမည့်ကိစ္စတွေ ထိခိုက်နစ်နာရင် ဘယ်သူတွေက တာဝန်ရှိပါသလဲ……။

(၁၃၅ရက် ဆိုသည်မှာ အမှုတွဲ ဖွင့်လှစ်မှု၊ အယူခံ ဝင်ရောက်မှု အပေါ် မူတည်ပါသည်။ ပြည်သူကို အကြံပြုချင်တာက မြေယာမှုခင်းတွေ စစ်မပေးရင်၊ မပြီးပြတ်ရင် ပြည်နယ်တိုင်း လယ်စီအဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ဝန်ကြီးချုပ်ကို တင်ပြကြပါ၊ မရရင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌ လယ်ဆည် ပြည်ထောင်စုဝန်ကြီးကိုသာ တင်ပြကြပါ)

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image