image

အိမ်ငှား ဆက်ငှားမယ်ဆိုရင် ပွဲစားခပေးစရာ မလိုတော့

အိမ်ငှားတဲ့အခါ ခြောက်လ၊ တစ်နှစ်ပြည့်လို့ ဆက်ငှားနေမယ်ဆိုရင် ပွဲစားအကျိုးဆောင်ခတွေ ပေးစရာမလိုတော့ကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုဥက္ကဌ ဦးသိန်းလှညိုက ပြောပါတယ်။

အိမ်ငှားရာမှာ ခြောက်လတစ်ချိန်အငှားနဲ့ တစ်နှစ်အငှားဆိုပြီး ရှိပါတယ်။ အိမ်ငှားပွဲစားကြေးကို တစ်နှစ်စာလောက်သာ ယူရမယ်လို့ ခွင့်ပြုထားကြောင်း သိရပါတယ်။ တစ်နှစ်ထက်ပိုပြီး ငှားခဲ့ရင် ပွဲစားအခ ကြေးငွေ ထပ်ပေးရန် မလိုတော့ပါဘူး။

`အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းမှာ တစ်နှစ်ငှားရင် ဟိုဘက်တစ်လခ၊ ဒီဘက်တစ်လခ ယူကြတာတွေရှိတယ်၊ ဒါပေမဲ့ အောက်ခြေမှာ ဘာဖြစ်နေလဲဆိုရင် တောင်ဥက္ကလာတို့၊ သာကေတတို့၊ မြောက်ဥက္ကလာတို့တွေမှာ ခြောက်လတစ်ကြိမ် ငှားတာတွေကို တွေ့ရပါတယ်’’ လို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အတွင်းရေးမှုး ဒေါ်မို့မို့အောင်က ပြောပါတယ်။

လက်ရှိအိမ်ခြံမြေ အငှားဈေးကွက်မှာ အိမ်ငှားအနေနဲ့ ခြောက်လငှားငှား၊ တစ်နှစ်ငှားငှား နောက်ထပ်တစ်ကြိမ် ဆက်ငှားတိုင်း ပွဲစားခကြေး ပေးနေရတယ်လို့ သိရပါတယ်။

လှည်းတန်းမြို့နယ်မှာ အိမ်ငှားနေသူ မအိ (အမည်လွှဲ) က ကျွန်မတို့ဆို အိမ်ငှားတာ နှစ်နှစ်လောက်ရှိပြီ၊ ဒါပေမဲ့ ခြောက်လပြည့်ပြီးတိုင်း တစ်ခါကျပ် ၅၀,၀၀၀စီ ထပ်ပြီးပေးနေရတယ် လို့် ပြောပါတယ်။

ပုစွန်တောင်မြို့နယ်မှာ အိမ်ငှားနေသူ မသီတာကလည်း​ “ အိမ်ငှားနေခဲ့တာ ကြာပါခဲ့ပြီ၊ တစ်နှစ်ပြည့်ပြီးတိုင်း ထပ်ငှားရင် ထပ်ပေးရတာပဲ၊ ပွဲစားခက ခြောက်လပြည့်ပြီးတိုင်း ငှားရင် ထပ်ပေးရတယ်လို့’’ ပြောပါတယ်။

အိမ်ခြံမြေဝန်ဆောင်မှု အသင်းတွေအနေနဲ့ အသင်းရဲ့အသင်းဝင်တွေကို ပညာပေးတယ်။ ပုံမှန်အကျိုးဆောင်ခတွေယူရင် အသင်းသားတွေ ခေါ်ပြီး အသိပေးတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှု အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပညာပေးရပေမဲ့လည်း ရပ်ကွက်အကျိုးဆောင်တွေကတော့ လုပ်နေကြတာတွေ ရှိတယ်လို့ သိရပါတယ်။

“အကျိုးဆောင်ပွဲစားခကို တစ်နှစ်ထက်ပိုရင် ပေးစရာမလိုဘူး၊ ထပ်တောင်းလဲ အိမ်ငှားတွေက ငြင်းနိုင်တယ်၊ အဲဒါက အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေနဲ့ မညီညွှတ်ဘူး၊ အငှားတွေအနေနဲ့ ပွဲစားခ မပေးနိုင်တော့ကြောင်း ပြောနိုင်တယ်လို့’’ အိမ်ခြံမြေဝန်ဆောင်မှု အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ အချိန်မှာ ဥပဒေအတည်ပြု ပြဌာန်းနိုင်ခြင်း မရှိသေးတဲ့အတွက် အကျိုးဆောင်လောကမှာ ပုံစံအမျိုးမျိုး လုပ်ကိုင်နေကြပြီး ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။

မော်ဒန်သတင်းဂျာနယ်၊ ၁ ဖေဖော်ဝါရီလ ၂၀၁၉

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image