image

မိလ္လာပိုးစားကန်တစ်ခု၏ လိုအပ်သောအင်္ဂါရပ်များ

မိလ္လာပိုးစားကန်တစ်ခုကို ဆောက်လုပ်ရာတွင် လိုအပ်သောအင်္ဂါရပ်များမှာ အောက်ပါတို့ဖြစ်ကြသည်။

(က) အိမ်သာအိုး၊ (ခ) အိမ်သာအိုးမှ မိလ္လာကန်သို့ ဆက်သွယ်သည့် မိလ္လာပိုက်၊ (ဂ) မိလ္လာကန်၊ (ဃ) မိလ္လာကန်မှထွက်လာသော အရည်ကြည်ကို အရည်စုပ်တွင်းသို့ ဆက်သွယ်သော အရည်ကြည်မိလ္လာထုပ်ပိုက်၊ (င) အရည်ကြည်များ မြေထဲသို့စိမ့်ဝင်နိုင်စေရန် အရည်စုပ်တွင်း။

(က) အိမ်သာအိုး

အရှေ့တိုင်းသုံး အိမ်သာအိုးဖြစ်စေ၊ နောက်တိုင်းသုံး အိမ်သာအိုးဖြစ်စေ အနံ့လုံရေပိုက်များတပ်ဆင်၍ အသုံးပြုကြလေံရှိသည်။

(ခ) အိမ်သာအိုးမှ မိလ္လာကန်သို့ ဆက်သွယ်သည့် မိလ္လာပိုက်

အိမ်သာအိုးမှ မိလ္လာကန်သို့ ဆက်သွယ်ထားသော ပိုက်အဖြစ် ၄-လက်မအရွယ် အချင်းအနည်းဆုံးရှိသော စီအိုင်သံကြွပ်ပိုက်ဖြစ်စေ၊ ပီဗွီစီပိုက်ဖြစ်စေ အသုံးပြုကြသည်။ ယင်းတို့ကို မြေအောက်တွင်မြှုပ်နှံ၍ အဆက်များကိုလည်း ရေလုံစွာ ဆက်ရန်လိုအပ်သည်။ ထိုပိုက်လုံး၏ အစောင်းသည် အနည်းဆုံးတစ်ပေလျှင် ၁/၄ လက်မရှိ၍ အကွေးများ နည်းနိုင်သမျှနည်းစွာ အသုံးပြုရမည်။ ထိုပိုက်လုံး၏ မိလ္လာကန်တွင်းရှိ အစွန်းကို တီ(T) ပုံသဏ္ဍာန်ဖြင့် အသုံးပြုလေ့ရှိသည်။

 (ဂ) မိလ္လာကန်

မိလ္လာကန်၏ ပုံသဏ္ဍာန်သည် စတုဂံပုံဖြစ်၍ ထိုအရွယ်ပမာဏကို အသုံးပြုသူလူဦးရေပေါ် မူတည်၍ တည်ဆောက်ကြသည်။ မိလ္လာကန်၏ အရွယ်အစားကို အသုံးပြုသူ ဦးရေပေါ်မူတည်၍ အောက်ပါဇယားတွင် ဖေါ်ပြထားသည်။

အသုံးပြု

သူ

ဦးရေ

အလျား

ပေ

လက်မ

အနံ

ပေ

လက်မ

အရည်၏

အနက်

ပေ၊ လက်မ

ရေလွတ်

ဘောင်

ပေ၊ လက်မ

ခပ်ထုတ်ရမည့်

မိလ္လာဝုပ်(Sledge)

ထုထည်ထုဗပေ

သန့်စင်မှု

ပြုလုပ်ရ

မည့်အချိန်

၁၀

၁၅

၅ – ဝ

၆ – ၆

၆ – ၆

၂ – ၆

၃ – ဝ

၃ – ဝ

၃ – ၎

၃ – ၆

၃ – ဝ

၎ – ၆

၎ – ၃

၆ – ၆

၁ – ဝ

၁ – ဝ

၁ – ဝ

၁ – ဝ

၁ – ဝ

၁ – ဝ

၁၃

၂၆

၂၆

၅၂

၃၈

၇၆

၁ နှစ်

၂ နှစ်

၁နှစ်

၂ နှစ်

၁ နှစ်

၂ နှစ်

 

မိလ္လာကန်၏ နံရံနှင့် ကြမ်းပြင်အထူတို့သည် ကွန်ကရစ်ဖြင့်ပြုလုပ်၍ အနည်းဆုံး ၆ လက်မရှိ သင့်ပြီး ကန်ကိုလည်း အနည်းဆုံး ၃-လက်မအထူရှိသော ကွန်ကရစ်ပြားများဖြင့် ဖုံးအုပ်ရမည်။ လူဝင်ပေါက်တပ်ဆင် ထားပါက ( ၂၄ လက်မ × ၂၄ လက်မ) အရွယ်ထက် မနည်းရှိရမည်။ မိလ္လာကန်သည် အထူးရေလုံစေရန် လိုအပ်သဖြင့် ယင်း၏ အတွင်းမျက်နှာပြင်များကို ရေမစိမ့်ထွက်နိုင်စေရန် ဘိလပ်မြေသရွတ်ဖြင့် အချောကိုင်ရမည်။

မိလ္လာကန်သို့ အဝင်ပိုက် (Inlet- pipe) နှင့် အထွက်ပိုက် (Outlet-pipe) တို့၏ ကန်အတွင်းရှိ အစွန်းကို တီ (T) ပုံသဏ္ဍာန်ဖြင့် အသုံးပြုနိုင်သည်။ သို့သော်တီ (T) ပုံသဏ္ဍာန်ကို အသုံးမပြုဘဲ သစ်သားဟန့်တားပြား (Baffle) ကိုလည်း အသုံးပြုနိုင်သည်။ အဝင်ပိုက်ကို အထွက်ပေါက်ထက် အနည်းဆုံး ၃-လက်မအမြင့်တွင် ထားရမည်။ မိလ္လာကန်အတွင်းမှ ထွက်ပေါ်လာသော အနံ့ဆိုးများကို အပြင်သို့ထွက်စေရန် လေပြန်ပိုက်တစ်ခုကို တပ်ဆင်ထားရန် လိုအပ်သည်။

(ဃ) အရည်ကြည် မိလ္လာထုတ်ပိုက်

မိလ္လာကန်မှ ထွက်လာသော အရည်များကို အရည်ပုပ်တွင်းထဲသို့ စီးဆင်းစေရန် ၄-လက်မ သံကြွပ်ပိုက်ဖြင့် ဆက်သွယ်ထားသည်။ ထိုပိုက်လုံး၏ စောင်းသည်လည်း တစ်ပေလျှင် ၁/၄ လက်မ ရှိရန်လိုအပ်သည်။

(င) အရည်ကြည်များ မြေထဲသို့ စိမ့်ဝင်နိုင်စေရန် အရည်စုပ်တွင်း

မိလ္လာကန် အတွင်းမှ ထွက်လာသော အရည်ကြည်များကို မြေအောက်သို့ စိမ့်ဝင်သွားစေရန် အရည်စုပ်တွင်း ဆောက်လုပ်ပေးရမည်။ ထိုတွင်း၏ပုံသဏ္ဍာန်ကိုမူ လေးထောင့်ဖြစ်စေ၊ အဝိုင်းဖြစ်စေ ပြုလုပ်နိုင်သည်။ လေးထောင့်ပုံအတွက် အလျား၊ အနံအားဖြင့် ၂ ပေ ၆ လက်မ × ၂ ပေ ၆ လက်မ အနည်းဆုံးရှိရမည်ဖြစ်ပြီး အပိုင်းပုံအတွက်တွင်မူ ယင်း၏ အချင်းသည် ၃-ပေထက် မနည်းရှိရမည်။ တွင်း၏ အနက်သည် မိလ္လာပိုက်အောက်မှ ၃ ပေ အနက်ရှိရန် လိုအပ်သည်။ ထိုတွင်းများကို အုတ်ဖြင့်ဆောက်လုပ်၍  အုတ်ခဲကျိုးများဖြင့် ဖြည့်ပေးရသည်။

မိလ္လာကန်ဖော်ခြင်း

မိလ္လာကန်တစ်ခုမှ မိလ္လာပုပ်များကို ဖေါ်သည့်အခါ ထိုမိလ္လာပုပ်ကို ကုန်စင်သည့်အထိ ဆေးကြောရန် မလိုဘဲ အနည်းငယ်ကျန်နေစေရန် အရေးကြီးသည်။ သို့မှသာလျှင် ဗက်တီးရီးယားများ မိလ္လာကန် အတွင်းတွင် ဆက်၍ အလုပ်လုပ်နိုင်ရမည် ဖြစ်သည်။

 

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image