image

ကြမ်းခင်းလုပ်ငန်း

ပါကေးသုံးကြမ်းခင်းပြုလုပ်ပုံ

သစ်သက်မှတ်ချက်များ

၉↔× ၃↔× ၁↔ အရွယ် သို့မဟုတ် ပုံစံတွင် ဖေါ်ပြထားသောအရွယ်ရှိသော ကောင်းစွာခြောက်သွေ့၍ အသားသေစေပြီးသည့် ကျွန်တုံး သို့မဟုတ် အခြားအမျိုးအစား သစ်တုံးကလေးများကို အောက်ပိုင်းနှင့် ဘေးပိုင်းတို့တွင် မြောင်းဖော်၍ ခင်းရသည်။ သစ်တုံးကလေးများသည် ပုံမှန်ကျ၍ တိကျသောထောင့်စွန်းနှင့် မှန်ကန်ညီညာသည့် မျက်နှာပြင်ရှိရမည်။ သစ်တုံးကလေးများကို အသားသေစေအောင် လိုအပ်သည့်အရွယ်အစားအတိုင်း ကြိုတင်၍ ဖြတ်တောက်ပြုလုပ်ထားရမည်။

ကြမ်းခင်းအောက်ခံပြုလုပ်နည်း

ရှေးဦးစွာ မျဉ်းကိုက်ရေချိန်ကိုက်ဖြစ်အောင် ပြုလုပ်ထားသော ဘိလပ်မြေကွန်ကရစ်အောက်ခံကို ချောမွေ့သည့် မျက်နှာပြင်ရရှိစေရန် ခင်းရမည်။ ထိုဘိလပ်မြေကွန်ကရစ် အခင်းကို ကောင်းစွာစွတ်စို၍ ဆောင့်သိပ်ခြင်း ပြုလုပ်ထားသော အနည်းဆုံး ၆-လက်မအထူရှိ သဲခင်းပေါ်တွင်ဖြစ်စေ၊ အနည်းဆုံး ၅-လက်မအထူရှိ ကောင်းစွာသိပ်သည်းထားသော အုတ်ကျိုး သို့မဟုတ် ကျောက်ခဲပေါ်တွင်ဖြစ်စေ ခင်းရမည်။

အောက်ခြေပြင်ဆင်နည်း

၁-လက်မထုရှိသော ဘိလပ်မြေကွန်ကရစ်ကို ကောင်းစွာသိပ်၍ ခြောက်သွေ့နေပြီဖြစ်သည့် သန့်ရှင်းသော အောက်ခြေကွန်ကရစ်အခင်းပေါ်တွင် မျဉ်းကိုက်ရေချိန်ကိုက် အနက်ထုမှန်ကန်စေအောင် ပြုလုပ်ခင်းထားပြီးနောက် မျက်နှာပြင်အား သစ်သားလက်ပွတ်ဖြင့် အချောကိုင်ရမည်။ ထိုကွန်ကရစ် အမြဲစွတ်စိုနေစေရန် အနည်းဆုံး ၇ရက်ခန့် နေ့စဉ်ရေဖြန်းပေးပြီး ကြမ်းခင်းအားမထိခိုက်အောင်လည်း အကာအကွယ် ပြုလုပ်ပေးထားရမည်။

သစ်သားတုံးများကို အကွက်ချနည်း

သစ်သားတုံးများကို ပုံစံပါအကွက်များအတိုင်း အံဝင်ခွင်ကျဖြစ်အောင် စီခင်းခြင်းပြုလုပ်ကြည့်ရမည်။ အဆက်များတွင် ကွာဟမှုမရှိစေအောင် လိုအပ်ပါက အနားများကို ရွေဘော်နှင့်ညှိပေးရမည်။ ထို့နောက် သစ်သားတုံးများကို တစ်ခုစီဖြုတ်ယူပြီး စနစ်တကျစီထားရမည်။

သစ်သားတုံးများခင်းနည်း

သစ်သားတုံးများ မခင်းမီတွင် အောက်ခြေကွန်ကရစ် လုံးဝခြောက်သွေ့မှုရှိမရှိကို စစ်ဆေးကြည့်ရမည်။ ကွန်ကရစ်ကောင်းစွာခြောက်သွေ့မှသာလျှင် သစ်သားတုံးများကို ခင်းခြင်းပြုလုပ်ရမည်။ ယင်းသို့ခြောက်သွေ့စေရန် လိုအပ်မှုကြောင့် ဤကြမ်းခင်းမျိုးကို မိုးရာသီကာလတွင် မခင်းသင့်ပေ။

ကြမ်းခင်းမျက်နှာပြင်အား ကတ္တရာသုတ်လိမ်းခြင်းပြုလုပ်ပါ။ သစ်သားတုံးကလေးများကို တစ်ခုစီယူ၍ ပူနေသောကတ္တရာတွင် ဘေးနှင့်အောက်ပိုင်းထု တစ်ဝက်အထိနှစ်မြှပ်ပြီးနောက် ကတ္တရာသုတ်လိမ်းထားပြီးသော ကြမ်းခင်းပေါ်တွင် နေရာတကျ လျင်မြန်စွာ ဖိနှိပ်စီခင်းရမည်။

သစ်သားတုံးအားလုံးကို စီခင်းပြီးသည့်အခါ မျက်နှာပြင်ပေါ်တွင် ကတ္တရာများ ပိုလျှံနေခြင်းမရှိစေရပေ။ လိုအပ်ပါက သစ်သားအခင်းမျုက်နှာပြင်ကို ရေချိန်ကိုက်ပြီး ချောမွေ့စေရန် ရွေပေါ်ထိုးပေးရမည်။

ခင်းပြီးမျက်နှာပြင်ကို ကော်ပတ်စက္ကူဖြင့် ပွတ်တိုက်စားပြီးလျှင် အရောင်တင်ဆီ သုတ်လိမ်းပွတ်တိုက်ပေးခြင်းဖြင့် မျက်နှာပြင်သည် ပြောင်လက်ချောမွေ့လာမည်ဖြစ်သည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image