image

ကျောက်ပြားကြမ်းခင်းပြုလုပ်ပုံ

အမာခံပြုလုပ်နည်း

ကောင်းစွာရေဖြန်းထားပြီး ဒင်နှင့်ဆောင့်၍ထားသော သဲ ၆-လက်မထု အထူပေါ်တွင်ဖြစ်စေ သို့မဟုတ် ကျောက်ခဲ ၅-လက်မထုအထူပေါ်တွင်ဖြစ်စေ အောက်ခံကွန်ကရစ်အမာခံကြမ်းခင်း ခင်းပေးရမည် ဖြစ်သည်။ ဤအောက်ခံဘိလပ်မြေကွန်ကရစ် အမာခံကြမ်းခင်းကို ၄ ၁/၂ လက်မထု အထူရှိစေရမည်ဖြစ်သည်။

ကျောက်ပြား၏ စံချိန်စံညွှန်း

အခင်းပြားအဖြစ် အသုံးပြုသော ပစ္စည်းသည် အုတ်ကြွပ်ပြားများ(Quarry Tiles) ဖြစ်ပါကကောင်းစွာ မီးကျက်ပြီး မာကြော၍ ညီညာသော အရွယ်အစားနှင့် အရောင်အသွေးရှိရမည် ဖြစ်သည်။ ကွန်ကရစ်ကျောက်ပြားများ (Concrete Tiles) ဖြစ်ပါက သတ်မှတ်ထားသောအရွယ်အစားနှင့် ထုရှိရမည်ဖြစ်ပြီး အလျားနှင့်မျက်နှာပြင်တို့သည် ညီညာသပ်ရပ်နေစေရမည်။

တာရာဇိုကျောက်ပြားကြမ်းခင်းအတွက် ပြုလုပ်ပုံကို အပိုဒ်(၁၈-၁၁) တွင် သီးခြားဖော်ပြထားသည်။

စကျင်ကျောက်ပြား (Marble Tile)  များသည် သတ်မှတ်ထားသည့် အရွယ်အစားနှင့် ထုရှိပြီး မျက်နှာပြင်တို့သည် ညီညာချောမွေ့မှုရှိရမည်။

ကြမ်းခင်းအောက်ခံ ပြုလုပ်နည်း

အောက်ခံမျက်နှာပြင်သည် နေရာအနှံ့ သိပ်သည်းကျစ်လစ်မှုရှိအောင် ပြုလုပ်ပေးရမည်။ ပြုလုပ်ပြီးသောကြမ်းခင်းသည် အနိမ့်အမြင့်အဖုအထစ်တို့ ကင်းစင်ပြီး ညီညာပြန့်ပြူးသော အနေအထားရှိအောင် မြေသားကိုညှိပေးရသည်။ ပုံစံတွင် ဆင်ခြေလျှော၊ ရေမြောင်းစသည်တို့ ဖေါ်ပြပါရှိပါက ထိုပုံစံအတိုင်း ခင်းပြီးသောကြမ်းခင်းတွင် ပေါ်လွင်စေရန် ကြမ်းခင်းအောက်ခံကို လိုအပ်သလို ပြုပြင်လုပ်ဆောင်ပေးရမည်။

        အုတ်မြစ်အောက်ခြေပေါ်တွင် ဖျော်စပ်ထားသော ဘိလပ်မြေကွန်ကရစ်ကိုလောင်းပြီး သမစွာသိပ်သည်း ကျစ်လစ်လာစေရန် ဒင်နှင့်ဆောင့်၍  ၄ ၁/၂ လက်မထု အထူရရှိသည်အထိ ပြုလုပ်ပေးရမည်။ ထိုမျက်နှာပြင်သည် ညီညာပြန့်ပြူးရမည်ဖြစ်ပြီးပုံစံတွင် ဖေါ်ပြထားသော ပုံသဏ္ဍာန်များပါရှိအောင် ပြုလုပ်ပေးရမည်။

        လောင်းထားပြီးသော ကွန်ကရစ် အိပ်၍မာကြောလာသည့်အချိန်ထိ ထိုမျက်နှာပြင်ကို မည်သို့မျှ အသုံးမပြုဘဲထားရှိရမည်။ ထိုအချိန်ကာလတွင် အမြဲစိုစွတ်နေစေရန် ရေပတ်ဖျန်းပေးနေရမည်။

ကျောက်ပြားများခင်းနည်း

ကျောက်ပြားများမခင်းမီ ကွန်ကရစ်မျက်နှာပြင်အား ကောင်းစွာသန့်ရှင်းအောင် ဆေးကြောပေး၍ စိုစွတ်နေစေရမည်။ ကျောက်ပြားများကို သန့်ရှင်းသောရေတွင် စိမ်ရမည်။ ယင်းတို့ကို ကိုင်တွယ်ရာတွင် ထောင့်စွန်းများ မပွန်းပဲ့စေရန် သတိပြုကိုင်တွယ်ရမည်။ ကျောက်ပြားများကို ၃/၄ လက်မအထူ (၁း၃) အချိုး ဘိလပ်မြေသရွတ်အခင်းတွင် ဖိပြီးညီညာစွာ အထူထက်မပိုစေရ။ ထောင်လိုက်အဆက် များသည် ၁-လက်မထက် မပိုစေရ။ သရွတ်များကို မျက်နှာပြင်တွင် စွန်းထင်ကျန်ရစ်မှုမရှိစေရန် ချက်ချင်းဖယ်ရှားပစ်ရမည်။

ကျောက်ပြားများသည် မျဉ်းကိုက်ရေချိန်ကိုက်ဖြစ်နေစေရန် ဂရုပြုခင်းရမည်။ ကျောက်ပြားများကို အခန်းနံရံနှင့်အပြိုင်ဖြစ်စေ ထောင်လိုက်ဖြစ်စေ နှစ်သက်သည့်ပုံစံခင်းနိုင်သည်။

လုပ်ငန်းဆောင်ရွက်ခြင်းပြီးစီးသည့်နောက် ကြမ်းခင်းသမစွာအိပ်၍ အနည်းဆုံး ၁၀ရက် ကြာသည်အထိဖြစ်စေ သို့မဟုတ် မာကြောသည်အထိဖြစ်စေ ယင်းကို မည်သို့မျှအသုံးမပြုဘဲ ထားရှိရမည်။ ထိုအချိန်ကာလတွင်း အမြဲစိုစွတ်နေစေရန် ရေပက်ပေးနေရမည်။

ရောင်စုံကွန်ကရစ်ကြမ်းခင်းပြုလုပ်ပုံ

ဤအမျိုးအစားကြမ်းခင်းပြုလုပ်ရာတွင် အောက်ခံကွန်ကရစ် ကြမ်းခင်းပေါ်တွင် ဘိလပ်မြေ ကွန်ကရစ်ကြမ်းခင်းခြင်းအတွက် အထက်ပါ (၁၈-၉) အချေကိုင် ဘိလပ်မြေကွန်ကရစ်ကြမ်းခင်း ပြုလုပ်ပုံတွင် ဖေါ်ပြထားခဲ့သည့်အတိုင်းပင် လုပ်ငန်းဆောင်ရွက်ရမည် ဖြစ်သည်။

လိုအပ်သည့် အရောင်အသွေး ရရှိစေရန် အသုံးပြုရမည့် အရောင်ဆိုးဆေး၏ အမျိုးအစားနှင့် အရေအတွက်မှာ ကြီးကြပ်သူ၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်သာဖြစ်သည်။ အရောင်ဆိုးဆေးကို ကွန်ကရစ်မဖျော်စပ်မီ ဘိလပ်မြေနှင့်သမအောင် ရောစပ်ရမည်ဖြစ်သည်။

သတိပြုရန်မှာ ကွန်ကရစ်ဖျော်စပ်ခြင်းအတွက် ရေထည့်ရာတွင် အလုပ်လွယ်ကူမှုရှိစေမည့် အနည်းဆုံးလိုအပ်သလောက်သာ ရေကိုထည့်ရမည်။ ထိုသို့မဟုတ်ပါက အပြီးသတ်အရောင်အသွေးသည် ဆားပွင့်ခြင်း (Efflorence) ဖြစ်ပေါ်၍ ပျက်စီးတတ်သည်။ အကွက်ချရာတွင် မျက်နှာပြင်ကို စတုရန်းကွက်အလိုက် အခန်း၏ထောင့်စွန်း သို့မဟုတ် နယ်နမိတ်ပတ်လည်တွင် စတုရန်းအကွက်များသည် အရွယ်အစားညီရမည်။ မျက်နှာပြင်ကို ပြောင်လက်စွာချောမွတ်စေရေးအတွက် ကြမ်းတိုက်ကျောက်တုံးကို အသုံးပြုနိုင်သည်။ ကြမ်းတိုက်ကျောက်တုံး အသုံးပြုမည်ဆိုပါက (၁း ၂း ၄) ဘိလပ်မြေ ကွန်ကရစ်အစား (၁း၁း၂) ဘိလပ်မြေကွန်ကရစ်ကို အသုံးပြုသင့်သည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image