image

သစ်သားတုံးများခင်းနည်း

သစ်သားတုံးများ မခင်းမီတွင် အောက်ခြေကွန်ကရစ် လုံးဝခြောက်သွေ့မှုရှိမရှိကို စစ်ဆေးကြည့်ရမည်။ ကွန်ကရစ်ကောင်းစွာခြောက်သွေ့မှသာလျှင် သစ်သားတုံးများကို ခင်းခြင်းပြုလုပ်ရမည်။ ယင်းသို့ခြောက်သွေ့စေရန် လိုအပ်မှုကြောင့် ဤကြမ်းခင်းမျိုးကို မိုးရာသီကာလတွင် မခင်းသင့်ပေ။

ကြမ်းခင်းမျက်နှာပြင်အား ကတ္တရာသုတ်လိမ်းခြင်းပြုလုပ်ပါ။ သစ်သားတုံးကလေးများကို တစ်ခုစီယူ၍ ပူနေသောကတ္တရာတွင် ဘေးနှင့်အောက်ပိုင်းထု တစ်ဝက်အထိနှစ်မြှပ်ပြီးနောက် ကတ္တရာသုတ်လိမ်းထားပြီးသော ကြမ်းခင်းပေါ်တွင် နေရာတကျ လျင်မြန်စွာ ဖိနှိပ်စီခင်းရမည်။

သစ်သားတုံးအားလုံးကို စီခင်းပြီးသည့်အခါ မျက်နှာပြင်ပေါ်တွင် ကတ္တရာများ ပိုလျှံနေခြင်းမရှိစေရပေ။ လိုအပ်ပါက သစ်သားအခင်းမျုက်နှာပြင်ကို ရေချိန်ကိုက်ပြီး ချောမွေ့စေရန် ရွေပေါ်ထိုးပေးရမည်။

ခင်းပြီးမျက်နှာပြင်ကို ကော်ပတ်စက္ကူဖြင့် ပွတ်တိုက်စားပြီးလျှင် အရောင်တင်ဆီ သုတ်လိမ်းပွတ်တိုက်ပေးခြင်းဖြင့် မျက်နှာပြင်သည် ပြောင်လက်ချောမွေ့လာမည်ဖြစ်သည်။

သစ်သားတန်းကြမ်းကြဲ ကြမ်းခင်းပြုလုပ်ပုံ

သစ်သက်မှတ်ချက်

သစ်သတ်မှတ်ချက်မှာ အပိုဒ် (၁၈-၅) ပျဉ်တေ့ဆက်ကြမ်းခင်းပြုလုပ်ပုံတွင် ဖေါ်ပြထားသည့် အတိုင်းပင် ဖြစ်သည်။

ကြမ်းခင်းနည်း

ပျဉ်၏လေးဘက်စလုံးကို လွှရာများပပျောက်စေရန် ရွေပေါ်ထိုးရမည်။ ထို့နောက်ပျဉ်များကို ပုံစံတွင် ဖေါ်ပြထားသည့်အကွာအဝေး (သို့မဟုတ်) ၃/၄ လက်မခွာ၍ ဆင့်တိုင်းတွင် ၂ ၁/၂↔ သံချောင်းနှစ်ချောင်းစီဖြင့် စွဲမြဲစေရမည်။

အကွာအကွယ်ပြုနည်း

အကာအကွယ်ပြုနည်းမှာ အပိုဒ် (၁၈-၅) ပျဉ်တေ့ဆက် ကြမ်းခင်းပြုလုပ်ပုံတွင် ဖေါ်ပြထားသည့်အတိုင်းပင်ဖြစ်သည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image