image

၃။ ဘိလပ်မြေ ကျောက်ပြားမျက်နှာကြက် ပြုလုပ်ပုံ

ပုံစံတွင် သီးခြားဖေါ်ပြထားခြင်းမရှိပါက မျက်နှာကြက်ဆင့်အဖြစ် ၄↔×၂↔ သစ်ကို ၄-ပေခြားစီ တပ်ဆင်၍ ၂↔× ၂↔ ကန့်လန့်ဖြတ်တန်းများကို ၂-ပေခြားစီ တပ်ဆင်ရသည်။ ၄↔× ၂↔ ဆင့်ကို ထုပ်တွင် ၂↔× ၁↔ ခုထုံးခံ၍ တပ်ဆင်ရသည်။

ဒိုင်းတစ်ခုနှင့်တစ်ခု အကွာအဝေးသည် ကြဲလွန်းပါက ၄↔× ၂↔အရွယ်ထက် ပိုကြီးသောဆင့်ကို အသုံးပြုရသည်။ ထိုသို့မဟုတ်လျှင် ၄↔× ၂↔ဆင့်ကို ၄-ပေခြားအစား ၂-ပေခြား တပ်ဆင်၍ အသုံးပြုနိုင်သည်။ ထို့အတူ ဒိုင်းတစ်ခုနှင့်တစ်ခု အကွာအဝေးသည် စိပ်လွန်းပါကလည်း ၃↔× ၂↔ အရွယ်ဆင့်ကို အသုံးပြုနိုင်သည်။

ဘိလပ်မြေမျက်နှာကြက်ကျောက်ပြားများကို ၄↔× ၄↔ အရွယ်နှင့် ၂↔× ၂↔ အရွယ်ပြုလုပ်ထားကြသည်။ ယင်းတို့၏ အထူမှာ၁/၄၊ ၅/၁၆၊ ၃/၁၆↔ဟူ၍ အစားစားရှိတတ်ကြသည်။ ထို့မျက်နှာကြက် ကျောက်ပြားများသည် မီးမလောင်နိုင်သော်လည်း ဆတ်သဖြင့် ကျိုးတတ်ကွဲတတ်ပေရာ ယင်းတို့ကို သယ်ယူရာတွင်လည်းကောင်း၊ တပ်ဆင်ရာတွင်လည်းကောင်း သတိပြုကိုင်တွယ်ကြရသည်။

သစ်သားမျက်နှာကြက်ဆင့်များ၏ အောက်မျက်နှာပြင်ပေါ်တွင် ထိုမျက်နှာကြက်များအား အချောဘက်ကို အောက်မှာထား၍ ကပ်ပြီးလျှင် နှုတ်ခမ်းပတ်လည်တွင် တစ်ပေခြားစီ ဝက်အူစုတ်၍ သော်လည်းကောင်း တပ်ဆင်ရမည်။

ဝက်အူစုတ်ခြင်း၊ သံရိုက်ခြင်းတို့မပြုလုပ်မီ ဝက်အူပေါက်၊ သံပေါက်များကို ဝက်အူလုံး သို့မဟုတ် သံထက် အနည်းငယ် ကြီးသော လွန်နှင့်အပေါက်ဖောက်ရမည်။ ယင်းသို့လွန်နှင့်မဖောက်ဘဲ တစ်ခါတည်း ဝက်အူစုတ်ခြင်း၊ သံရိုက်ခြင်း ပြုလုပ်လိုက်ပါက ကျောက်ပြားအက်ကွဲတတ်သည်။

မျက်နှာကြက်များသည် ဆင့်၏ဗဟိုတွင် တေ့ဆက်ထားပြီးလျှင် မျက်နှာကြက်တစ်ပြင်လုံး ပြည့်အောင်တပ်ဆင်ရမည်။ နေရာအကျန် ၄-ပေ မပြည့်ဘဲရှိနေပါက မျက်နှာကြက်များကို နေရာကျန်ရှိမှု လိုအပ်သလောက် လွှဖြင့်ဖြတ်တောက်ပြီး တပ်ဆင်ရမည်။ ၄-ပေ အချပ်များအပြည့် မဝင်သောအခန်း မျက်နှာကြက်များတွင် ဘေးနှစ်ဘက်၌ တူညီသော အချပ်သေးများ ပြုလုပ်၍ ညီညာမှုရှိအောင် တပ်ဆင်ရမည်။

ပုံစံတွင် သီးခြားဖော်ပြထားခြင်းမရှိပါက ကြက်တူရွေးတန်းအဖြစ် ၁↔× ၁/၂↔ သို့မဟုတ် ၂↔× ၁/၂↔ ကျွန်းသားဘီတင်ပြားများကို အသုံးပြုရသည်။ ထိုဘီတင်ပြားများကို ဘေးနှစ်ဘက် ရွေးဘော်ထိုးရ၍ စောင်းသိမ်းပြီး မျက်နှာကြက်ပြားများ၏ အဆက်ကြောင်းများကို ဖုံးအုပ်ပေးရသည်။ စောင်းမသိမ်းဘဲ ကြိုးလုံးများပေါ်၍ ဖြစ်စေ၊ အခြားနည်းဖြင့် အလှအပတန်ဆာဆင်၍ဖြစ်စေ၊ ပြုလုပ်ခြင်းမျိုး လည်းရှိသည်။ ကြက်တူရွေးတန်းများကို ၂↔ ဝက်အူ သို့မဟုတ် ၂↔ရိုက်သံဖြင့် မျက်နှာဆက်ကြောင်းများအပေါ်တွင် ရိုက်ရသည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image