image

၎။ အထပ်သားမျက်နှာကြက်ပြုလုပ်ပုံ

မျက်နှာကြက်ပြုလုပ်ရာတွင် အသင့်လျော်ဆုံးအရွယ် အထပ်သားပြားမှာ ၈↔× ၄↔ အရွယ်ရှိသော အထပ်သားပြားမျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျက်နှာကြက်တန်းများကို ၄↔ ခြား သို့မဟုတ် ၂↔ခြား ရိုက်ကြလေ့ရှိပြီး မျက်နှာကြက်ပြားအဆက်များသည်လည်း မျက်နှာကြက်ဆင့်၏ဗဟိုတွင် ကျရောက်စေရန် လိုအပ်သောကြောင့်ဖြစ်သည်။ အခြားအရွယ်စား အထပ်သားပြားများကို အသုံးပြုမည်ဆိုပါက မျက်နှာကြက်ဆင့်များကိုလည်း အကွာအဝေးပြောင်းလဲ၍ ရိုက်ရန်လိုအပ်မည်ဖြစ်ပေသည်။

ပုံစံတွင် သီးခြားဖော်ပြထားခြင်းမရှိပါက ဒိုင်းတစ်ခုနှင့်တစ်ခု အကွာအဝေးကိုလိုက်၍ ၄↔× ၂↔ သို့မဟုတ် ၃↔× ၂↔ မျက်နှာကြက်များကို ၄-ပေခြားတပ်ဆင်ပြီး ၃↔× ၂↔ ကန့်လန့်ဖြတ်တန်းများကို ၄-ပေခြားစီတပ်ဆင်ကာ ၂↔× ၂↔ ကန့်လန့်ဖြတ်တန်းများကို ၂-ပေခြားစီကြားတွင် တပ်ဆင်ရသည်။

အကယ်၍ ၃↔× ၁ ၁/၂↔ ဆင့်များကို အလျားလိုက် တန်းရောကန့်လန့်တန်းပါ အသုံးပြုမည်ဆိုပါက ၂-ပေခြား တပ်နိုင်သည်။

မျက်နှာကြက်ဆင့်နှင့် ကန့်လန့်ဖြတ်တန်းများ တပ်ဆင်ပုံမှာ ပုံ(၁၆-၁) အတိုင်းဖြစ်သည်။

သစ်သားမျက်နှာကြက်များ၏ အောက်မျက်နှာပြင်တွင် အထပ်သားပြားများကို ကပ်ပြီး ၁-ပေခြားစီ ဝက်အူစုတ်၍ဖြစ်စေ၊ သံရိုက်၍ဖြစ်စေ တပ်ဆင်ရမည်။ မျက်နှာကြက်ပြားများ ဆင့်၏ဗဟိုတွင် တေ့ဆက်ကာ မျက်နှာပြင်တစ်ခုလုံးပြည့်အောင် တပ်ဆင်ရမည်။

၎-ပေမပြည့်သောနေရာများတွင် မျက်နှာကြက်ပြားများကို အခန်းနှစ်ဘက်ညီညာစွာမျှ၍ လွှနှင့်လိုသလောက်ဖြတ်တောက်ပြီး တပ်ဆင်ရသည်။ သစ်သားပတ်လည်ကို ရွေပေါ်ဖြင့် တစ်ဘက်စောင်းထိုးပြီး ဗွီပုံမြောင်း ဖော်ပေးရမည်။

ပုံစံတွင် သီးခြားဖော်ပြထားခြင်း မရှိပါက ကြက်တူရွေးတန်းရိုက်ပုံမှာ ဘိလပ်မြေကျောက်ပြာ မျက်နှက်ကြက်တွင် ရိုက်သည့်နည်းအတိုင်းပင်ဖြစ်သည်။ သို့ရာတွင် ဘိလပ်မြေကျောက်ပြားမျက်နှာကြက်တွင် ကြက်တူရွေးတန်းကို ၄-ပေ ပတ်လည်အကွက်ဖော်၍ ရိုက်လေ့ရှိသော်လည်း အထပ်သားမျက်နှာကြက်တွင်မူ ၂-ပေ  ပတ်လည်ဖြစ်စေ၊ ကြိုက်နှစ်သက်သလို အကွက်ဖော်၍ဖြစ်စေ ရိုက်လေ့ရှိကြသည်။

၅။ ဝါးထရံမျက်နှာကြက်ပြုလုပ်ပုံ

ဝါးထရံမျက်နှာကြက်ကို ယာယီအဖြစ် အသုံးပြုသော အဆောက်အအုံးများတွင်သာ တပ်ဆင်လေ့ရှိကြသည်။ သတ်မှတ်ချက်မရှိပါက ဝါးထရံများကို အခန်း၏ဧရိယာအလိုက်ဖြစ်စေ မှာယူရက်လုပ်နိုင်သည်။ မျက်နှာကြက်တပ်ဆင်ရာတွင် ဝါးထရံတစ်ထပ်ဖြစ်စေ၊ နှစ်ထပ်ဖြစ်စေ ကြိုက်နှစ်သက်သလို အသုံးပြုနိုင်သည်။

ဒိုင်းတစ်ခုနှင့်တစ်ခု အကွာအဝေးကို လိုက်၍ ၄↔× ၂↔ပေ သို့မဟုတ် ၃↔× ၂↔ မျက်နှာကြက်ဆင့်များကို ၄-ပေခြား သို့မဟုတ် ၂-ပေခြားရိုက်ပြီး ၄↔× ၂↔ကန့်လန့်ဖြတ်တန်းများကို ၂-ပေခြားစီ ရိုက်ရသည်။

မျက်နှာကြက်ဆင့်များ တပ်ဆင်ပုံမှာ ပုံ(၁၆-၁) အတိုင်းပင်ဖြစ်သည်။

ဝါးထရံကို မျက်နှာကြက်ဆင့်များ၏ အောက်မျက်နှာပြင်တွင်ကပ်၍ တန်းရှိသောနေရာတိုင်းတွင် ၂-ပေခြားစီ သံရိုက်ရမည်။

ဝါးထရံကို မျက်နှာကြက်တန်းတွင် အထက်ပါအတိုင်းကပ်ပြီးနောက်၂↔× ၁/၂↔ ဇလီများကို ၄↔× ၄↔အကွက် သို့မဟုတ် ၂↔× ၂↔အကွက် သို့မဟုတ် ကြိုက်နှစ်သက်ရာအကွက်များပေါ်အောင် အပေါ်က အုပ်ရိုက်ပေးရမည်။ ဇလီများကို အောက်မျက်နှာပြင်ကို ရွေပေါ်ထိုး၍ စောင်းသိမ်းခြင်း ကြိုးလုံးများဖေါ်ခြင်း သို့မဟုတ် အခြားနည်းများဖြင့် အလှအပတန်ဆာဆင်ခြင်းတို့ကို အခြားနည်းများဖြင့် အလှအပတန်ဆာဆင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image