image

ခေါင်မိုးအမျိုးအစားများ

ခေါင်းမိုးတစ်ခုတွင် အမိုး၏အစောင်းနှင့် တစ်ပြေးတည်းကျနေသော သစ်သားများကို ဒိုင်းဟုခေါ်ဆိုပြီး ထိုဒိုင်းနှင့် ထောင့်မှန်ကျအောင် ဖြောင့်တန်းနေသော သစ်သားများကို မြားဟုခေါ်သည်။

အဓိကခေါင်မိုး အမိျုးအစားများမှာ အောက်ပါအတိုင်းဖြစ်ကြသည် –

(၁) ဒိုင်းတစ်ထပ်သာ ပါဝင်သောခေါင်မိုး

(၂) မြားတန်းပေါ် ဒိုင်းတင်လျက် အမာခံနှစ်ထပ်ပါသော ခေါင်မိုး

(၃) ဒိုင်းခွေ၊ မြားတန်း၊ ဒိုင်းတို့နှင့် အမာခံသုံးထပ်ပါသော ခေါင်မိုး

(၄) ပုံသဏ္ဍာန်ကို လိုက်၍သတ်မှတ်သောခေါင်မိုးများ

(ရိုးရိုးခေါင်မိုး၊ အုန်းလေးဘက်ချခေါင်မိုး၊ တစ်ဖက်ရပ်ခေါင်မိုး၊ လည်ပေါ်ခေါင်မိုး)

အမာခံတစ်ထပ်၊ နှစ်ထပ်နှင့်သုံးထပ်ပါရှိသော ခေါင်မိုးများတွင် ခေါင်ပြန့်တစ်ဘက်ရပ်အမိုး၊ အဖိမိုးနှင့် နှစ်ဘတ်စောင်းအမိုးဟူ၍ သုံးမျိုးရှိသည်။

တစ်ဖန်နှစ်ဘက်စောင်းအမိုးကို အောက်ပါအတိုင်း နှစ်မျိုးခွဲထားပေသည်-

(၁) ဒိုင်းနှစ်ခု၏ အခြေကိုထိန်းရန် ထုပ်တန်းပါဝင်သောအမိုး

(၂) ဒိုင်းချုပ်ပါဝင်သောအမိုး

အမာခံနှစ်ထပ်ပါဝင်သော ခေါင်မိုးများတွင် ဒိုင်းများသည် အောက်ခံမြားတန်းပေါ်သို့တင်၍ ယင်းသည် ဒိုင်းပိုမိုတောင့်တင်းစေရန် ပြုလုပ်ထားသောခေါင်မိုးမျိုး ဖြစ်သည်။ ခန်းဖွင့်ကျယ်သောအခါ ဒိုင်းခွေပြုလုပ်၍ ဒိုင်းခွေတစ်ထပ်၊မြားတန်းတစ်ထပ်နှင့် ဒိုင်းတစ်ထပ်အစရှိသော အမာခံသုံးထပ်ဖြင့် ပြုလုပ်ကြရသည်။

Rate us and Write a Review

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image