image

၆။ မျက်နှာကြက် ဝင်ပေါက်ပြုလုပ်ပုံ

မည်သည့်အမျိုးအစားမျက်နှာကြက်တွင်မဆို ထိုမျက်နှာကြက်၏ သင့်လျော်သောနေရာများ၌ အမိုးပေါ်သို့ ဝင်ရောက်၍ လိုအပ်သလို ပြုပြင်နိုင်ရန် လူဝင်ပေါက်နှင့် တံခါးပြုလုပ်ပေးရမည်။

ထိုအပေါက်ကို မျက်နှာကြက်နှစ်ခုအကြား၌ ဆင့်နှင့်ထုချင်းတူသော သစ်သားနှစ်ချောင်းကို ကန့်လန့်ဖြတ်၍ လေးထောင့်စတုရန်းတိတိပုံဖြစ်စေအောင် တပ်ဆင်ရမည်။ ယင်းအပေါ်တွင် ၁ ၁/၂↔ ထုခန့်တူသော တံခါးပေါက်ခွေပြီး ဘေးနှစ်ဘက်၌ ပတ္တာနှစ်ခုနှင့် တွယ်ကပ်၍ တံခါးပြုလုပ်ရသည်။ ထိုတံခါး၏အထဲသို့ လေဝင်နိုင်ရန် သံဇကာအစိပ် ကပ်၍သော်လည်းကောင်း၊ သံချောင်းများ စိပ်စိပ်တန်းထား၍သော်လည်းကောင်း ၊ သစ်သားချောင်းများကို ၁↔× ၁↔ စတုရန်းကွက်များဖြစ်အောင် အကွက်ဖော်၍သော်လည်းကောင်း ထည့်သွင်းတပ်ဆင်ပေးရမည်ဖြစ်သည်။

Rate us and Write a Review

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image