၁။ မျက်နှာကြက်များ
မျက်နှာကြက်ဆိုသည်မှာ ခေါင်မိုးကို ဖောက်ထွင်း ဝင်ရောက်လာသော အပူချိန်ကို ကာကွယ်ရန် အတွက် သော် လည်းကောင်း၊ ခေါင်မိုးအဖြစ် ပြုလုပ်တပ်ဆင်ထားသော အမာခံဒိုင်းများ၊ မြားများ၊ ဒိုင်ခွေများကို ဖုံးအုပ်ကာကွယ်ရန်အတွက် သော်လည်းကောင်း၊ အပေါ်ထပ် ကြမ်းခင်းအောက်ခံဆင့်နှင့် ရက်မများကို ဖုံးအုပ်ကာကွယ်ရန် အတွက်သော်လည်းကောင်း ကြည့်ကောင်းသော အနေထား ဖြစ်စေအောင် ပြုလုပ်ထားသော မျက်နှာပြင်ကို ခေါ်သည်။
မျက်နှာကျက်များကို သစ်သား၊ ဘိလပ်မြေကျောက်ဂွမ်းပြားများ၊ အထပ်သားပြားများနှင့် လည်းကောင်း၊ ဘိလပ်မြေ သရွတ်ကျံပေးခြင်းဖြင့် လည်းကောင်း ပြုလုပ်ကြသည်။
၂။ သစ်သားမျက်နှာကြက်ပြုလုပ်ပုံ
မျက်နှာကြက်ဆင့်အဖြစ် ၃↔× ၂↔၊ ၄↔ × ၂↔၊ သို့မဟုတ် ၂↔× ၂↔ သစ်ကို ၂ ပေခြားစီ၍ ရိုက်ရမည်။ မျက်နှာကြက်အဆင့်၏ အရွယ်အစားကို ရွေးချယ်ရာတွင် ထုပ် သို့မဟုတ် ဒိုင်းတစ်ခုနှင့်တစ်ခု အကွာအဝေးပေါ် မူတည်၍ ရွေးချယ်ရသည်။ မျက်နှာကြက်ဆင့်များကို ထုပ်တွင် ၂↔× ၁↔ ခုတုံးခံ၍ တပ်ဆင်ရသည်။
မျက်နှာကြက်ပြားအဖြစ် ၄↔× ၁/၂↔သို့မဟုတ် ၃↔× ၁/၂↔ လျှာထိုးပြင်များကို အသုံးပြုကြသည်။ ကျွန်း သို့မဟုတ် သစ်သားပျဉ်ကိုသာ အသုံးပြုသင့်သည်။ ယာယီ သို့မဟုတ် နှစ်တိုအသုံြး့ပုမည့် အဆောက်အအုံးများတွင်မူ တောသစ်ကို သုံးနိုင်သည်။ မျက်နှာကြက်ပြင်များကို မျက်နှာပြင်တစ်ဘက်တွင် ရွေဘော်ထိုးပေးရသည်။
မျက်နှာကြက်ပျဉ်များကို မျက်နှာကြက်ဆင့်အောက်မျက်နှာတွင် ၁ ၁/၄↔ သို့မဟုတ် ၁ ၁/၂↔ရိုက် သံတစ်ချောင်းစီဖြင့် ရိုက်၍ စွဲစေရသည်။ လျှာထိုးပျဉ်အဆုံးနေရာတိုင်းတွင်မူ ရိုက်သံနှစ်ချောင်းစီ ရိုက်သွင်းရမည်။ လျှာထိုးပျဉ်ထိပ်ဆက်သောအခါ မျက်နှာကြက်ဆင့်၏ ဗဟိုတည့်တည့်တွင် ဆက်ကြောင်းဖြစ်စေ၍ ထိပ်တစ်ဘက်လျှင် သံတစ်ချောင်းစီ ရိုက်ရသည်။ နံဘေးချင်းကပ်လျက်ရှိသော မျက်နှာကြက်ပျဉ်ပြားများ၏ ထိပ်ဆက်သည် ဆင့်တစ်ခုတည်းပေါ်တွင် ကျရောက်ခြင်းမရှိစေရန် ထိပ်အဆက်များကို လွှဲပေးရမည်။
မျက်နှာကြက်ပျဉ်ပြားများ ရိုက်သောအခါတွင်လည်း ဆက်ကြောင်းများ တစ်ခုနှင့်တစ်ခု ထိနေအောင် ညှပ်၊ တိုက် စသည့်ကိရိယာ တို့ကို အသုံးပြုရသည်။
မျက်နှာကြက် မျက်နှာပြင်အဆုံးများတွင်လည်းကောင်း၊ မျက်နှာကြက်နှင့် နရံအဆုံးများတွင် လည်းကောင်း ၁ ၁/၂↔ × ၁/၂↔သို့မဟုတ် ၂↔×၁/၂↔ မျှော့ကြောင်းထိုးပျဉ်များဖြင့် ဇလီသပ်ပြုလုပ်ပေးရမည်။