image

အခန်း(၇)

မြေယာလုပ်ပိုင်ခွင့်

အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံခြင်း

 

လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က မူလမူခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်းနှင့် ကြားနာခြင်းတို့ကို ဆောင်ရွက်ရမည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုများကို လယ်ယာမြေဥပဒေ အခန်း(၈) ပါပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရာတွင်-

(က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သည် မူလမူခင်းကို စုံစမ်းစစ်ဆေး ကြားနာပြီး အမှုတွဲစတင် ဖွင့်လှစ်သည့်နေ့မှ ၁၅ရက်အတွင်း အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ် ရမည်။

(ခ) နည်းဥပဒေခွဲ (က)အရ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံ ဝင်ရောက်နိုင်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် ယင်းအယူခံလွှာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြခြင်း၊ ပြင်ဆင်ခြင်း၊ သို့မဟုတ် ပယ်ဖျတ်ခြင်း ပြုရမည်။

(ဂ) နည်းဥပဒေခွဲ(ခ)အရ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သို့  အယူခံဝင်ရောက်နိုင်ပြီး ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် ယင်းအယူခံလွှာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း ၊ ပြင်ဆင်ခြင်း၊ သို့မဟုတ် ပယ်ဖျတ်ခြင်း ပြုရမည်။

(ဃ) နည်းဥပဒေခွဲ (ဂ) အရ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရောက်နိုင်ပြီး တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ယင်းအယူခံလွှာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ အမိန့်၊ သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း ၊ သို့မဟုတ် ပယ်ဖျတ်ခြင်း ပြုရမည်။

လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်၏ အမိန့် ၊ သို့မဟုတ် ဆုံးဖြတ်ချက် အပေါ် မကျေနပ်သူက အယူခံလွှာတင်သွင်းရာတွင်း အောက်ပါအထောက်ထားများ ပူးတွဲတင်ပြရမည်-

(က) လယ်ယာမြေအငြင်းပွားမှုကို ဆုံးဖြတ်သည့် မှန်ကန်ကြောင်း၊ သက်သေခံ လက်မှတ် ရေးထိုးထားသော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်မိတ္တူ ။

(ခ) အားကိုးအားထားပြုသည့် သက်သေခံ စာရွက်စာတမ်းများနှင့် အပြားအထောက်အထားများ။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်တို့၏ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုနှင့် အယူခံမှုများ လက်ခံစစ်ဆေး ဆောင်ရွက်ပြီးစီးမှု၊ အမှုလက်ကျန်စာရင်းတို့ကို အဆင့်ဆင့် စုစည်း စိစစ်ပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့လစဉ်အစီရင်ခံစာ ပေးပို့တင်ပြရမည်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့က နည်းဥပဒေ

နည်းဥပဒေခွဲ (က) ၊ (ခ)၊ (ဂ) နှင့် (ဃ) တို့ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲကြန့်ကြာနေခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်းပြချက် ခိုင်လုံမှု ရှိ/မရှိ စိစစ်ခြင်းနှင့် လိုအပ်ပါက စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူခြင်း ပြုရမည်။

Rate us and Write a Review

Your Rating for this listing

angry
crying
sleeping
smily
cool
Browse

Your review is recommended to be at least 140 characters long

image

building Own or work here? Claim Now! Claim Now!
image