လှေကားတပ်ဆင်ခြင်းနှင့် စပ်လျဉ်းသောအခြေခံအချက်များ
(၁) လှေကား၏ အကျယ်သည် ယင်းအသို့ပြုသည့် အဆောက်အအုံ၏ ပမာဏပေါ်တွင် မူတည်၍ လုံလောက်သော အကျယ်ရှိရမည်။ လူနေအိမ်များတွင် သီးခြားသတ်မှတ်ချက်မရှိပါက လှေကားအကျယ်ကို ၃ ပေထက် မနည်းစေရ။ လှေကားခုံသည် လှေကားအကျယ်ထက် မနည်းစေရ။
(၂) လှေကားထစ်တစ်ခုခု၏ မျက်နှာပြင်မှ တည့်မတ်စွာ တိုင်းကြည့်လိုက်ပါက အထက်ကြမ်းခင်းအတွက် တပ်ဆင်ထားသောအဆင့်၊ ရက်မများ၏ အောက်မျက်နှာပြင်အမြင့် (Head Room) သည် သီးခြားသတ်မှတ်ချက်မရှိပါက အနည်းဆုံး ၇ပေရှိရမည်။
(၃) လှေကားအတတ်အဆင်း ပြုလုပ်သည့်အခါ အဆင်ပြေစေရန် လှေကား၏ ဆင်ခြေလျှော (Slop) သည် ၄၅ ဒီဂရီထက်ပို၍ မတ်စောက်ခြင်းမရှိစေရ။ ထို့အပြင် ၂၅ ဒိဂရီထက်နည်းသော ဆင်ခြေလျှော (Slope) ဖြစ်ပါကလည်း လှေကားထစ်များနှင့် ယင်းအတွက်နေရာများစွာ လိုအပ်မည်ဖြစ်သဖြင့် ယင်းဆင်ခြေလျှော (Slope) မျိုးကိုလည်း သုံးစွဲတပ် ဆင်ခြင်းမပြုကြပေ။
(၄) လှေကားထစ်တစ်လျှောက်ရှိ ခြေကျော်အားလုံးသည် တူညီသောတစ်ပြေးညီအရွယ်ရှိရမည်။ ခြေနင်းအားလုံးသည်လည်း တူညီသော တစ်ပြေးညီအရွယ်ရှိရမည်။ သို့ရာတွင် ခြေနင်းနှင့်ခြေကျော်တို့၏ အရွယ်များတူညီရန် မလိုပေ။
(၅) လှေကားအသုံးပြုရာတွင် အဆင်ပြေစေရန် ခြေနင်းနှင့် ခြေကျော်တို့၏ အချိုးအစားများကို အောက်ပါအတိုင်း ကိုက်ညီအောင် ပြုလုပ်လေ့ရှိကြသည်။
(က) ၂× ခြေကျော်+ ခြေနင်း= ၂၃↔ (သို့မဟုတ်) ၂၄↔
(ခ) ခြေနင်းကို ၁၂↔မူတည်ထားပြီး ခြေကျော်ကို ၅ ၁/၂↔ မူတည်ထားရှိကာ ခြေနင်း၁↔ လျော့တိုင်းခြေကျော်အား ၁/၂↔တိုး၍ တိုး၍ ယူရသည်။
ဥပမာ- ခြေနင်း ၁၂↔ နှင့် ခြေကျော်၅ ၁/၂↔ ခြေနင်း ၁၀↔ နှင့် ခြေကျော် ၆↔
(ဂ) အချို့သောနေရာများတွင် ခြေနင်းနှင့် ခြေကျော်အချိုးကို အောက်ပါအတိုင်း ယူတတ်ကြပေသည်-
ခြေနင်း × ခြေကျော်= ၆၆↔
(၆) မြန်မာ့ဓလေ့ထုံးထမ်းအယူအဆများအရ လှေကားတပ်ဆင်ရာတွင် လှေကားထိပ်နှင့် ခင်းထားသည့် သစ်သားကြမ်းခင်းတို့သည် ထောင်လိုက်တွေ့ဆုံရမည်။ တစ်နည်းဆိုရသော် လှေကားအပြေးသည် အောက်ခံသစ်သားဆင့်များနှင့် မျဉ်းပြိုင်ဖြစ်နေပြီး သစ်သားကြမ်းခင်းကို ထောင့်မှန်ဖြစ်နေရမည်။ (ကြမ်းဦးမတိုက်ရဟု ဆိုလိုခြင်းဖြစ်သည်။)
(၇) လှေကားထစ်အရေအတွက်နှင့် ဆက်လျင်းသော မြန်မာ့ဓလေ့ထုံးထမ်း အယူအဆတစ်ခုမှာ အောက်တွင် ဖေါ်ပြထားသည့်အတိုင်းဖြစ်သည်-
လှေကားပြုလုပ်သည့်အခါ လှေကားထစ်အရေအတွက်ကို “ရာဇ’’ ၊ “မရဏ” နှင့်“လာဘ’’ ဟူ၍ အစဉ်လိုက် သတ်မှတ်သွားပြီး မရဏ’’ ကျသည့် လှေကားထစ်အရေအတွက်များကို မပြုလုပ်ဘဲ ရှောင်ကျဉ်လေ့ ရှိကြသည်။
ဥပမာ- ရာဇ ၁၊ ၄၊ ၇၊ ၁၀
မရဏ ၂၊ ၅၊ ၈၊ ၁၁
လာဘ ၃၊ ၆၊ ၉၊ ၁၂
အထက်ပါ ၂၊ ၅၊ ၈၊ ၁၁ တို့သည် “မရဏ’’ ကျသည့် လှေကားထစ်များဖြစ်၍ ရှောင်ကျဉ်ရမည့် လှေကားထစ် အရေတွက်များဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
(၈) လေးလံသော ဝန်ထုတ်ဝန်ပိုးများကို လှေကားမှတင်နိုင်ချနိုင်ရန် လှေကားကိုလည်းကောင်း၊ လှေကားဦးတိုက်သောလှေကားခုံ သို့မဟုတ် ခွေးကတတ်ပေါ်ရှိ မည်သည့်နေရာမဆိုကိုလည်းကောင်း အလေးချိန် ၃၀၀ ပေါင် တင်နိုင်အောင် ခိုင်ခန့်စေရမည်ဟု ခန့်မှန်းတွက်ချက်ကြသည်။ ၁၉၃၃ ခုနှစ်တွင် အဆောက်အအုံလက်တွေ့ နည်းနိဿယများကို လန်ဒန်မြို့၌ ပြဌာန်းကြသောအခါ လှေကားစတုရန်းတစ်ပေလျှင် ပေါင်ချိန် ၁၀၀ နှုန်းနှင့် အပြည့်ဖြန့်တင်သောဝန်ကို ခံနိုင်စေရမည်ဟု ဆိုထားသည်။
လှေကားခြေနှင်းနှင့် ခြေကျော်ဇယား
မြေပြင်ပေါ်၌ဖြစ်စေ၊ကြမ်းပြင်ပေါ်၌ဖြစ်စေ လူတစ်ယောက် လမ်းလျှောက်သွားသော ခြေတစ်လှမ်း၏ အကျယ်သည် နောက်ခြေဖနောင့်မှ ရှေ့ခြေမအဖျားအထိ တိုင်းထွာ၍ ပျှမ်းမျှတွက်ယူသောအခါ ၂၃လက်မရှိသည်။ သိြု့ဖစ်၍ လှေကားတတ်ရာတွင် ခြေကိုမ၍ ကျော်လိုက်ရသောအားသည် တစ်ပြေးတည်းသွားရသောအား၏ နှစ်စရှိသောကြောင့် လှေကားချိုးရာ၌ ပျှမ်းမျှခြေလှမ်းနှင့် ကိုက်ညီစေရန် ခြေကျော်နှစ်စနှင့် ခြေနင်းတစ်ဆ၏အပေါင်းသည် ၂၃လက်မတိတိ ရှိစေရမည်ဟူသော လှေကားအချိုး၏တွက်ကိန်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လှေကား၏ အချိုးသည် ခြေကျော် ၅ ၁/၂’’နှင့် ခြေနင်း ၁၂’’ရှိ၍ လှေကား၏ အစောက်ဆုံးအချိုးမှာ ခြေကျော် ၇ ၁/၂’’နှင့် ခြေနင်း ၈’’ အထိရှိလေရာ ထိုနှစ်ခုအတွင်းရှိ ခြေကျော်နှင့်ခြေနင်းများကို ( ၂ ခြေကျော် +၁ ခြေနင်း = ၂၃ လက်မ) နှင့်ကိုက်ညီစေရန် ခြေကျော်၌ ၁/၁၆’’ စီတိုး၍ အချိုးကျခြေနင်းများကို အလွယ်တကူရရှိနိုင်စေရန် အောက်တွင် ဇယားဖြင့်ဖေါ်ပြထားသည်။
ခြေကျော်
(လက်မ) |
ခြေနင်း
(လက်မ) |
ခြေကျော်
(လက်မ) |
ခြေနင်း
(လက်မ) |
5½ | 12 | 6 ½ | 10 |
5 – 9/16 | 11 7/8 | 6 9/16 | 9 7/8 |
5 5/8 | 11 ¾ | 6 5/8 | 9 ¾ |
5 11/16 | 11 5/8 | 6 11/16 | 9 5/8 |
5 ¾ | 11 ½ | 6 ¾ | 9 ½ |
5 13/ 16 | 11 5/8 | 6 13/16 | 9 ¾ |
5 ¾ | 11 1/8 | 6 7/8 | 9 ¼ |
5 13/16 | 11 3/8 | 6 15/16 | 9 1/8 |
5 7/8 | 11 ¼ | 7 | 9 |
5 15/16 | 11 1/8 | 7 1/16 | 8 7/8 |
6 | 11 | 7 1/8 | 8 ¾ |
6 1/16 | 10 7/8 | 7 3/16 | 8 5/8 |
6 1/8 | 10 ¾ | 7 ¼ | 8 ½ |
6 3/16 | 10 5/8 | 7 5/16 | 8 3/8 |
6 ¼ | 10 ½ | 7 3/8 | 8 ¼ |
6 5/16 | 10 3/8 | 7 7/16 | 8 1/8 |
6 7/16 | 10 1/8 |